ဟေရှာယ 9:13 - မြန်မာ့စံမီသမ္မာကျမ်း13 သို့သော် လူမျိုးတော်သည် မိမိအား ဒဏ်ခတ်တော်မူသောအရှင်ထံသို့ ပြန်မလာ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို မရှာ။ Ver CapítuloCommon Language Bible13 ဣသရေလအမျိုးသားတို့သည်နောင်တ မရကြ။ မိမိတို့အားအနန္တတန်ခိုးရှင် ထာဝရဘုရားသည် အပြစ်ဒဏ်ခတ်တော်မူ ပြီဖြစ်သော်လည်းသူတို့သည်အထံတော် သို့မပြန်ကြ။- Ver CapítuloGarrad Bible13 သို့ ရာ တွင် လူ မျိုး တော် သည် ဒဏ် ခတ် တော် မူ သော အ ရှင့် ထံ မ ပြန်။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ကို မ ရှာ ချေ။ Ver CapítuloJudson Bible13 ဤလူမျိုးသည် ဒဏ်ခတ်တော်မူသော သူထံသို့ မလှည့်မပြန်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို မရှာမဖွေတတ်။ Ver Capítulo |
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
“အီဂျစ်ပြည်အပေါ် ကပ်ရောဂါဘေးကျရောက်စေခဲ့သည့်နည်းတူ သင်တို့၌ ငါဖြစ်စေ၏။ လူပျိုတို့ကို ဓားဖြင့်ကွပ်မျက်ပြီး မြင်းတို့ကိုလည်း ဖမ်းသွားခြင်းခံရစေပြီ။ တပ်စခန်းထဲတွင် အပုပ်နံ့လျှံစေ၍ သင်တို့လည်း ရှူကြရပြီ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။