ဟေရှာယ 7:20 - မြန်မာ့စံမီသမ္မာကျမ်း20 ထိုနေ့ရက်၌ ဘုရားရှင်သည် ယူဖရေးတီးမြစ်တစ်ဖက်မှ အဆီးရီးယားဘုရင်တည်းဟူသော သင်တုန်းဓားကိုငှား၍ ခေါင်းနှင့်ခြေမွေးကို ရိတ်တော်မူလိမ့်မည်။ မုတ်ဆိတ်ကိုလည်း သုတ်သင်တော်မူလိမ့်မည်။ Ver CapítuloCommon Language Bible20 ``ထိုအချိန်ကျရောက်လာသောအခါ၊ ထာဝရ ဘုရားသည်ဥဖရတ်မြစ်တစ်ဖက်ကမ်းမှ အာရှုရိဘုရင်တည်းဟူသောဆံပင်ညှပ် သမားကိုငှား၍သင်တို့၏မုတ်ဆိတ်များ ကိုလည်းကောင်း၊ ဆံပင်နှင့်ကိုယ်မွေးများ ကိုလည်းကောင်းရိတ်စေတော်မူလိမ့်မည်။ Ver CapítuloGarrad Bible20 ထို ကာ လ အ ရှင် ဘု ရား သည် မြစ် ကြီး တစ် ဘက် မှ ငှား ခဲ့ သည် သင် တုန်း တည်း ဟူ သော၊ အာ ရှု ရိ ဘု ရင် ဖြင့်၊ ခေါင်း မွေး၊ ခြေ မွေး ရိတ် သည့် ပြင် မုတ် ဆိတ် ကို လည်း ရိတ် ဖြတ် လ တ္တံ့။ Ver CapítuloJudson Bible20 ထိုကာလတွင် မြစ်ကြီးတစ်ဖက်၌ နေသောသူ၊ အာရှုရိရှင်ဘုရင်တည်းဟူသော ငှားသောသင်တုန်းဖြင့် ထာဝရဘုရားသည် ဆံပင်နှင့် ခြေမွေးကို ရိတ်တော်မူမည်။ မုတ်ဆိတ်ကိုလည်း ပယ်ရှင်းတော်မူမည်။ Ver Capítulo |
“အချင်းလူသား၊ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာသည် သူ၏စစ်သည်များအား တိုင်ရာမြို့ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်စေခဲ့သည်။ စစ်သည်တို့လည်း ပခုံးအဆစ်ပြုတ်မတတ် ဦးဆွေးဆံမြည့်တိုက်ကြ၏။ ထိုသို့ အားသွန်ခွန်စိုက်တိုက်ခိုက်သော်လည်း ဘုရင်အပါအဝင်စစ်သည်တို့သည် တိုင်ရာမြို့မှ မည်သည့်အကျိုးကျေးဇူးကိုမျှ မခံစားရကြ။