ဟေရှာယ 66:8 - မြန်မာ့စံမီသမ္မာကျမ်း8 ဤသို့သောအမှုကို မည်သူကြားဖူးသနည်း။ ဤသို့သောအမှုများကို မည်သူမြင်ဖူးသနည်း။ တိုင်းပြည်တစ်ပြည်ကို တစ်ရက်အတွင်း မွေးဖွားနိုင်သလော။ လူမျိုးတစ်မျိုးကို တစ်ခဏအတွင်း မွေးဖွားနိုင်သလော။ သို့သော် ဇိအုန်မြို့သည် မီးဖွားချိန်ရောက်သည်နှင့် သားသမီးများကို မွေးဖွားလေပြီ။ Ver CapítuloCommon Language Bible8 ဤသို့သောအမှုမျိုးမြင်ဖူးကြားဖူးသူ တစ်စုံတစ်ယောက်ရှိပါသလော။ တိုင်းနိုင်ငံ တစ်ခုသည်တစ်နေ့ခြင်းတွင်ပေါ်ပေါက်လာ ဖူးပါသလော။ ဇိအုန်မြို့သည်ဣသရေလ နိုင်ငံမပေါ်ထွန်းမီကြာရှည်ဆင်းရဲဒုက္ခ ရောက်ရလိမ့်မည်မဟုတ်။- Ver CapítuloGarrad Bible8 ထို သို့ သော အ ရာ ကို မည် သူ ကြား ဖူး သ နည်း။ ထို သို့ သော အ ရာ များ ကို မည် သူ မြင် ဖူး သ နည်း။ တိုင်း နိုင် ငံ လုံး ကို နေ့ ချင်း ဖွား မည် လော။ လူ မျိုး လုံး ကို တစ် ပြိုင် တည်း ဖွား မည် လော။ ဇိ အုန် မြို့ မူ ကား ဝေ ဒ နာ ခံ လျှင် ခံ ချင်း၊ သား များ ကို ဖွား မြင် လေ ၏။ Ver CapítuloJudson Bible8 ထိုသို့သောအမှုကို အဘယ်သူသည် ကြားဖူးသနည်း။ ထိုသို့သောအမှုတို့ကို အဘယ်သူသည် မြင်ဖူးသနည်း။ တိုင်းနိုင်ငံကို တစ်နေ့ချင်းတွင် ဖွားတတ်သလော။ ပြည်သူပြည်သား အပေါင်းတို့ကို တစ်ပြိုင်နက် ဖွားတတ်သလော။ ဇိအုန်သတို့သမီးသည် သားဖွားခြင်းဝေဒနာကို ခံအံ့ဆဲဆဲတွင်၊ သားများကို ဖွားမြင်ပါသည်တကား။ Ver Capítulo |