ဟေရှာယ 61:6 - မြန်မာ့စံမီသမ္မာကျမ်း6 သင်တို့ကို ထာဝရဘုရား၏ယဇ်ပုရောဟိတ်ဟု ခေါ်ဝေါ်ကြလိမ့်မည်။ ဘုရားသခင်၏အမှုတော်ဆောင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့သည် လူမျိုးခြားတို့၏ဥစ္စာပစ္စည်းကို စံစားရလိမ့်မည်။ သူတို့၏ဂုဏ်သရေ၌ ဝါကြွားကြလိမ့်မည်။ Ver CapítuloCommon Language Bible6 သင်တို့မူကား၊ထာဝရဘုရား၏ယဇ်ပုရော ဟိတ်များ၊ ဘုရားသခင်၏ဘုန်းတော်ကြီးများဟု နာမည်တွင်လျက်၊ လူမျိုးတကာတို့၏စည်းစိမ်ချမ်းသာများကို ခံစားကာ၊ ယင်းသို့ခံစားရသည့်အတွက်ဂုဏ်ယူ ဝါကြွားကြလိမ့်မည်။ Ver CapítuloGarrad Bible6 သင် တို့ မူ ကား ထာ ဝ ရ ဘု ရား၏ ပ ရော ဟိတ်၊ ငါ တို့ ဘု ရား သ ခင်၏ အ မှု တော် ဆောင် ဟု ခေါ် ဝေါ် ခံ ရ၍၊ လူ မျိုး ခြား တို့ စည်း စိမ် ကို ခံ စား လျက်၊ ၎င်း တို့ အ သ ရေ ကြောင့် ဂုဏ် တက် ကြ လိမ့် မည်။ Ver CapítuloJudson Bible6 သင်တို့မူကား၊ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်ဟူ၍လည်းကောင်း၊ ငါတို့ဘုရားသခင်၏ အမှုတော်ထမ်းဟူ၍လည်းကောင်း သမုတ်ခြင်းကို ခံရကြလိမ့်မည်။ တစ်ပါးအမျိုးသားတို့၏ စည်းစိမ်ကိုစား၍၊ သူတို့၏ဘုန်းအသရေ၌ ဝါကြွားဝမ်းမြောက် ကြလိမ့်မည်။ Ver Capítulo |
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။