ဟေရှာယ 60:9 - မြန်မာ့စံမီသမ္မာကျမ်း9 အကယ်စင်စစ် ကမ်းရိုးတန်းဒေသတို့သည် ငါ့ကိုစောင့်မျှော်ကြလိမ့်မည်။ သင့်ကို ဘုန်းထင်ရှားစေတော်မူပြီဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အတွက်၊ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်အတွက် တာရှုသင်္ဘောတို့သည် သင်၏သားတို့ကို သူတို့၏ရွှေငွေများနှင့်အတူ အဝေးမှ အဦးဆုံးခေါ်ဆောင်လာလိမ့်မည်။ Ver CapítuloCommon Language Bible9 ထိုသင်္ဘောတို့သည်ရပ်ဝေးမှ ဘုရားသခင်၏လူမျိုးတော်အား မိမိတို့ပြည်သို့တင်ဆောင်လာသည့် သင်္ဘောများဖြစ်၏။ ယင်းတို့သည်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောဘုရားသခင် ထာဝရဘုရားကိုချီးမြှောက်ရန်၊ ရွှေနှင့်ငွေများကိုယူဆောင် လာကြခြင်းဖြစ်၏။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်ကို ချီးမြှောက်စေတော်မူပြီ။ Ver CapítuloGarrad Bible9 အ ကယ် စင် စစ်၊ တာ ရှူ သင်္ဘော များ အ ဦး လွှင့် လျက်၊ ကျွန်း ကြီး ကျွန်း ငယ် တို့ သည်၊ သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နာမ တော် ကြောင့် လည်း ကောင်း၊ သင့် ကို ဂုဏ် ရောက် စေ သော ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ကြောင့် လည်း ကောင်း၊ သင့် သ တို့ သား သ မီး တို့ ကို ရွှေ ငွေ များ ပါ၊ အ ဝေး က ဆောင် ခဲ့ ရန်၊ ငါ့ ကို တောင့် တ လျက် နေ ကြ ၏။ Ver CapítuloJudson Bible9 အကယ်စင်စစ် သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကြောင့်လည်းကောင်း၊ သင်၏ဘုန်းကို ပွင့်စေသော၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကြောင့်လည်းကောင်း၊ သင်၏သားတို့နှင့်တကွ သူတို့ရွှေငွေများကို အဝေးမှဆောင်ခဲ့ခြင်းငှာ၊ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် ငါ့ကိုစောင့်နေ၍၊ တာရှုသင်္ဘောတို့သည် အဦး ပြုကြလိမ့်မည်။ Ver Capítulo |
“အို ဇိအုန်သမီးပျို၊ ထ၍ တလင်းနယ်လော့။ ငါသည် သင့်အား သံဦးချိုနှင့် ကြေးဝါခွာကို ပေးမည်။ သင်သည် လူမျိုးများစွာတို့ကို ညက်ညက်ကြေအောင် နင်းနယ်လိမ့်မည်။ သင်သည် သူတို့၏မတရားသောအကျိုးစီးပွားကို ထာဝရဘုရားထံတော်သို့လည်းကောင်း၊ သူတို့၏ဥစ္စာပစ္စည်းတို့ကို မြေတစ်ပြင်လုံး၏အရှင်ထံသို့လည်းကောင်း ဆက်ကပ်လိမ့်မည်။”