ဟေရှာယ 60:3 - မြန်မာ့စံမီသမ္မာကျမ်း3 လူမျိုးတကာတို့သည် သင်၏အလင်းသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည် သင်၌ ထွန်းလင်းသောရောင်ခြည်သို့လည်းကောင်း လာကြလိမ့်မည်။ Ver CapítuloCommon Language Bible3 လူမျိုးတကာတို့သည်သင်၏ အလင်းရှိရာသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည်သင်၏တက်သစ်စ နေအရုဏ်ရောင်ခြည်သို့လည်းကောင်း လာရောက်ကြလိမ့်မည်။ Ver CapítuloGarrad Bible3 လူ မျိုး ခြား တို့ သည် သင့် အ လင်း သို့ လည်း ကောင်း၊ ဘု ရင် တို့ လည်း သင့် ပြောင် လက် ထွန်း တောက် ခြင်း သို့ လည်း ကောင်း၊ လာ ရောက် ကြ လိမ့် မည်။ Ver CapítuloJudson Bible3 တစ်ပါးအမျိုးသားတို့သည် သင်၏အလင်းသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည် သင်၌ ပေါ်ထွန်းခြင်းအရောင်သို့လည်းကောင်း လာကြလိမ့်မည်။ Ver Capítulo |
ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။