ဟေရှာယ 60:15 - မြန်မာ့စံမီသမ္မာကျမ်း15 သင့်ကိုစွန့်ပစ်မုန်းတီးကြပြီး မည်သူမျှမဖြတ်သန်းကြသော်လည်း ငါသည် သင့်ကို ထာဝရဂုဏ်ယူဝင့်ကြွားစရာ၊ မျိုးဆက်အဆက်ဆက်ပျော်ရွှင်စရာဖြစ်စေမည်။ Ver CapítuloCommon Language Bible15 ``သင်သည်လူသူဆိတ်ငြိမ်လျက်စွန့်ပစ်မုန်းတီး ခြင်းကို ခံရသောမြို့ဖြစ်တော့မည်မဟုတ်။ ငါသည်သင့်ကိုခမ်းနားကြီးကျယ်လှပစေ၍ ကာလအစဉ်အဆက် ရွှင်လန်းချမ်းမြေ့ဖွယ်ကောင်းသည့်မြို့ဖြစ်စေမည်။ Ver CapítuloGarrad Bible15 သင့် ကို မည် သူ မျှ မ ဖြတ် မ သွား လို သည့် တိုင် အောင်၊ ခံ ခဲ့ သော စွန့် ပစ် ရွံ ရှာ ခြင်း အ စား၊ ထာ ဝ ရ ဂုဏ် တော် တည် ရာ၊ လူ အ စဉ် အ ဆက် ရွှင် လန်း ရာ၊ ငါ ဖြစ် စေ လိမ့် မည်။ Ver CapítuloJudson Bible15 သင့်ကို အဘယ်သူမျှ လျှောက်၍မသွားရမည်အကြောင်း၊ သူတစ်ပါးတို့သည် သင့်ကို စွန့်ပစ်ရွံရှာကြသည်အတွက်၊ ငါသည် သင့်ကို ထာဝရအထွတ်အမြတ် ဖြစ်စေမည်။ လူမျိုးအစဉ်အဆက် ဝမ်းမြောက်စရာ အကြောင်းလည်း ဖြစ်စေမည်။ Ver Capítulo |
သင့်ကို “စွန့်ပစ်ခံရသူ”ဟု ခေါ်တော့မည်မဟုတ်။ သင်၏မြေကိုလည်း “လူသူကင်းမဲ့ရာအရပ်”ဟု ခေါ်တော့မည်မဟုတ်။ သင့်ကို “ငါနှစ်သက်မြတ်နိုးသူ”ဟူ၍လည်းကောင်း၊ သင်၏မြေကို “လက်ထပ်ပြီးသူ”ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုနှစ်သက်မြတ်နိုးတော်မူ၏။ သင်၏မြေသည်လည်း လက်ထပ်ခွင့်ရလိမ့်မည်။
ထာဝရဘုရား၏စကားတော်ကြောင့် စိုးရိမ်ထိတ်လန့်သောသူတို့၊ စကားတော်ကိုနားထောင်ကြလော့။ သင်တို့ကိုမုန်း၍ ငါ့နာမကြောင့် သင်တို့ကိုနှင်ထုတ်သော ညီအစ်ကိုတို့က ‘သင်တို့ဝမ်းမြောက်သည်ကို ငါတို့မြင်ရမည့်အကြောင်း ထာဝရဘုရားသည် ဘုန်းထင်ရှားပါစေသော’ဟု ကဲ့ရဲ့ပြောဆိုကြ၏။ သို့သော်လည်း သူတို့သည် အရှက်ကွဲကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။