ဟေရှာယ 59:21 - မြန်မာ့စံမီသမ္မာကျမ်း21 ထာဝရဘုရားက “ဤသည်ကား သူတို့နှင့်ပြုသော ငါ၏ပဋိညာဉ်ဖြစ်၏။ သင်၌တည်နေသောငါ၏ဝိညာဉ်တော်၊ သင့်နှုတ်၌ငါထားသော ငါ၏နှုတ်ကပတ်တော်သည် သင့်နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်၏နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်အဆက်ဆက်၏နှုတ်မှလည်းကောင်း ယခုမှစ၍ ကာလအစဉ်အဆက် တည်ရှိမည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible21 သင်တို့နှင့်ပဋိညာဉ်ပြုမည်။ ငါသည်သင်တို့ အားငါ၏ဝိညာဉ်တော်နှင့်သြဝါဒများကို ပေးအပ်ခဲ့လေပြီ။ ယင်းတို့ကိုယခုမှစ၍ သင်တို့နှင့်သင်တို့၏သားမြေးများသည် ကာလအစဉ်အဆက်လိုက်နာစောင့်ထိန်း ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible21 ထာ ဝ ရ ဘု ရား က ထို သူ တို့ နှင့် ငါ ဖွဲ့ သော ပ ဋိ ညာဉ် ဟူ မူ ကား၊ သင့် အ ပေါ် တွင် ကိန်း ဝပ် သော ငါ ၏ ဝိညာဉ် တော်၊ သင့် နှုတ် တွင် ငါ ထည့် သွင်း သော ဗျာ ဒိတ် တော် သည်၊ သင် နှင့် တ ကွ သား မြေး မြစ် တို့၏ နှုတ် တွင်း မှ၊ ယ ခု က စ ၍ ကာ လ အ စဉ် အ ဆက် မ ပယ် မရှား ရ ဟု၊ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး ၍ မိန့် တော် မူ သ တည်း။ Ver CapítuloJudson Bible21 သူတို့၌ ငါကိုယ်တိုင်ပေးသော ပဋိညာဉ်တရားဟူမူကား၊ သင်၏အပေါ်မှာ ကျိန်းဝပ်သော ငါ၏ဝိညာဉ်နှင့် သင်၏နှုတ်၌ ငါထားသောစကားသည်၊ ယခုမှစ၍ ကာလအစဉ်အဆက် သင်၏နှုတ်၊ သင့်အမျိုးအနွယ်၏နှုတ်နှင့်၊ သင့်အမျိုးအနွယ်၏ အမျိုးအနွယ်၏နှုတ်ထဲက မထွက်မပျောက်ရဟု ထာဝရဘုရားမိန့်တော်မူ၏။ Ver Capítulo |