ဟေရှာယ 58:14 - မြန်မာ့စံမီသမ္မာကျမ်း14 သင်သည် ထာဝရဘုရား၌ပျော်မွေ့ရလိမ့်မည်။ ငါသည်လည်း သင့်အား မြေကြီးပေါ်ရှိ မြင့်ရာအရပ်တို့၌နေရာချထား၍ သင့်အဖ ယာကုပ်၏အမွေဥစ္စာနှင့် သင့်ကို ငါကျွေးမွေးမည်။ ဤသို့ ထာဝရဘုရား၏နှုတ်တော်မှ မိန့်တော်မူ၏။ Ver CapítuloCommon Language Bible14 ငါ့အားဝတ်ပြုကိုးကွယ်မှုမှရရှိအပ်သော စိတ္တသုခကိုခံစားရကြလိမ့်မည်။ ငါသည် သင်တို့အားကမ္ဘာတစ်ဝှမ်းလုံးတွင်ဂုဏ်အသ ရေရှိစေမည်။ သင်တို့သည်လည်းမိမိတို့ဘိုး ဘေးယာကုပ်အားပေးအပ်ခဲ့သည့်ပြည်တော် တွင်ပျော်မွေ့စွာနေရကြလိမ့်မည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible14 ငါ ထာ ဝ ရ ဘု ရား ၌ မွေ့ လျော် ခွင့် ရ လိမ့် မည်။ ငါ လည်း နှုတ် မြွက် သော ဗျာ ဒိတ် နှင့် အ ညီ၊ နေ ပြည် ရှိ မြင့် မြတ် ရာ အ ရပ် များ၌ စီး နင်း ခွင့်၊ သင့် အ ဘ ယာ ကုပ် ၏ ပိုင် ရာ ကို သုံး ဆောင် ခွင့် ပေး လိမ့် မည်။ Ver CapítuloJudson Bible14 သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာ မြင့်သောအရပ်တို့ကို ငါစီးစေ၍၊ သင့်အဘယာကုပ်၏ အမွေဥစ္စာနှင့် ငါကျွေးမည်ဟု ထာဝရဘုရား၏နှုတ်တော်ထွက်အမိန့်တော် ရှိ၏။ Ver Capítulo |
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
အို အစ္စရေးလူမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသောလူမျိုး၊ သင်နှင့်မည်သူတူသနည်း။ ကိုယ်တော်သည် သင့်ကိုကူညီမစသောဒိုင်းလွှား၊ သင်ဂုဏ်ယူဝါကြွားရာဓား ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့၌ခယဝပ်တွားကြရလိမ့်မည်။ သင်သည် သူတို့အထွတ်အမြတ်ထားရာနေရာတို့ကို နင်းလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။