ဟေရှာယ 57:2 - မြန်မာ့စံမီသမ္မာကျမ်း2 ဖြောင့်မတ်စွာလျှောက်လှမ်းသောသူတို့သည် နားနေရာ၌လဲလျောင်းခွင့်ရ၏။ ငြိမ်းချမ်းရာသို့ ဝင်စားခွင့်ရ၏။ Ver CapítuloCommon Language Bible2 သူတော်ကောင်းတို့သည်သေလွန်သောအခါ ငြိမ်းချမ်းစွာနားနေခွင့်ကိုရရှိကြ၏။ Ver CapítuloGarrad Bible2 ဖြောင့် မှန် စွာ သွား လာ သူ အ သီး အ သီး တို့ သည်၊ ငြိမ်း ချမ်း ခြင်း အ ဖြစ် သို့ ရောက်၍၊ ကိုယ့် ခေါင်း ချ ရာ တွင် နား နေ ခွင့် ရ ကြ၏။ Ver CapítuloJudson Bible2 ထိုသို့သော သူသည် ချမ်းသာထဲသို့ ဝင်ရ၏။ ဖြောင့်မတ်စွာကျင့်လျက် မိမိအိပ်ရာပေါ်မှာ ငြိမ်ရ၏။ Ver Capítulo |
အသတ်ခံရသူတို့အလယ်တွင် ဧလံဘုရင်နှင့်သူ့လူစုအတွက် အိပ်ရာပြင်ပေးထား၏။ သူ့ပတ်ပတ်လည်တွင် သူ့လူ၏သင်္ချိုင်းဂူများ ဝိုင်းရံလျက်ရှိ၍ သူတို့သည် ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူများဖြစ်၏။ သူတို့သည် အသက်ရှင်စဉ် လောကလူသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့၏။ ယခုမူ မြေအောက်တွင်းနက်ထဲရှိ အသတ်ခံရသောသူတို့အလယ်ရောက်သွားသောသူတို့နှင့်အတူ အသရေပျက်လျက် တွင်းနက်ထဲသို့ကျသွားကြလေပြီ။
ထို့နောက် ကောင်းကင်မှအသံက “ရေးထားလော့။ ယခုမှစ၍ သခင်ဘုရား၌သေဆုံးသည့် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့သည် မိမိတို့၏ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့်ရကြလိမ့်မည်။ သူတို့ပြုသောအမှုများသည်လည်း သူတို့နှင့်လိုက်ပါလာ၏”ဟု မိန့်တော်မူ၏။