ဟေရှာယ 54:7 - မြန်မာ့စံမီသမ္မာကျမ်း7 သင့်ကိုရွေးနုတ်သောအရှင်ထာဝရဘုရားက “သင့်ကို ခေတ္တခဏသာ ငါစွန့်ပစ်၏။ ကြီးမားသောကရုဏာဖြင့် သင့်ကို ပြန်လည်စုစည်းမည်။ Ver CapítuloCommon Language Bible7 ``ငါသည်သင်တို့အားခေတ္တမျှစွန့်ပယ်ခဲ့သော်လည်း နက်နဲသည့်မေတ္တာဖြင့်ပြန်လည်သိမ်းပိုက်မည်။ Ver CapítuloGarrad Bible7 ခေ တ္တ ခ ဏ မျှ သင့် ကို ငါ စွန့် ခွာ သော် လည်း၊ မ ဟာ က ရု ဏာ နှင့် သိမ်း ပိုက် ဦး မည်။ Ver CapítuloJudson Bible7 သင့်ကို ခဏသာငါစွန့်သည်ဖြစ်၍၊ များစွာသော ကရုဏာနှင့် တစ်ဖန်သိမ်းဆည်းဦးမည်။ Ver Capítulo |
သင်က “မည်သူသည် ငါ့အတွက် ဤသူတို့ကို မွေးဖွားခဲ့သနည်း။ ငါသည် သားသမီးများဆုံးပါး၍ သားသမီးမရနိုင်သောသူ၊ ဖမ်းခေါ်သွားခြင်းခံရသူ၊ အပယ်ခံရသူဖြစ်၏။ ဤသူတို့ကို မည်သူကျွေးမွေးစောင့်ရှောက်ခဲ့သနည်း။ ငါသည် တစ်ယောက်တည်းကျန်ရစ်ခဲ့၏။ ဤသူတို့သည် မည်သည့်အရပ်မှရောက်လာကြသနည်း”ဟု သင့်စိတ်ထဲ၌ တွေးလိမ့်မည်။
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
သင့်ကို “စွန့်ပစ်ခံရသူ”ဟု ခေါ်တော့မည်မဟုတ်။ သင်၏မြေကိုလည်း “လူသူကင်းမဲ့ရာအရပ်”ဟု ခေါ်တော့မည်မဟုတ်။ သင့်ကို “ငါနှစ်သက်မြတ်နိုးသူ”ဟူ၍လည်းကောင်း၊ သင်၏မြေကို “လက်ထပ်ပြီးသူ”ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုနှစ်သက်မြတ်နိုးတော်မူ၏။ သင်၏မြေသည်လည်း လက်ထပ်ခွင့်ရလိမ့်မည်။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့ စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာ အလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။