Biblia Todo Logo
La Biblia Online
- Anuncios -




ဟေ​ရှာ​ယ 54:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ကြည့်ရှု​လော့​။ မီးခဲ​ကို မီးတောက်​အောင်​မှုတ်​ပြီး လက်နက်​ကို​ထုတ်လုပ်​တတ်​သော ပန်းပဲဆရာ​ကို ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​၏​။ ဖျက်ဆီး​တတ်​သော အဖျက်သမား​ကို​လည်း ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​၏​။

Ver Capítulo Copiar

Common Language Bible

16 ``မီး​ကို​မွှေး​၍​လက်​နက်​များ​ကို​ပြု​လုပ်​သူ ပန်း​ပဲ​ဆ​ရာ​ကို​ငါ​ဖန်​ဆင်း​၏။ သတ်​ဖြတ်​ရန်​အ​တွက်​ထို​လက်​နက်​များ​ကို အ​သုံး​ပြု​သူ​စစ်​သူ​ရဲ​ကို​လည်း​ငါ​ဖန်​ဆင်း​၏။

Ver Capítulo Copiar

Garrad Bible

16 မီး သွေး ဖြင့် မီး မွှေး ၍၊ အ သုံး အ လိုက် လက် နက် များ ကို လုပ် သော ပန်း ပဲ ကို လည်း‌ ကောင်း၊ ဖျက် ဆီး စေ ခြင်း ငှာ တိုက် ဖျက် သူ့ ကို လည်း‌ ကောင်း၊ ဖန် ဆင်း သည် ကား ငါ ပင် တည်း။

Ver Capítulo Copiar

Judson Bible

16 မီး​ကို​မှုတ်၍၊ မိ​မိ​အ​လုပ်​တည်း​ဟူ​သော လက်​နက်​ကို​လုပ်​တတ်​သော ပန်း​ပဲ​ကို​လည်း​ကောင်း၊ ဖျက်​ဆီး​စေ​ခြင်း​ငှာ ဖျက်​ဆီး​သော​သူ​ကို​လည်း​ကောင်း ငါ​ဖန်​ဆင်း၏။

Ver Capítulo Copiar




ဟေ​ရှာ​ယ 54:16
14 Referencias Cruzadas  

အကယ်စင်စစ် သင့်​အား ငါ​၏​တန်ခိုး​ကို​ပြသ​ရန်​နှင့် မြေ​တစ်ပြင်လုံး​၌ ငါ​၏​နာမ​ကို ကြေညာ​ရန် ငါ​သည် သင့်​ကို တည်​နေ​စေ​ခြင်း​ဖြစ်​၏​။


ထာဝရဘုရား​သည် ခပ်သိမ်း​သော​အရာ​တို့​ကို မိမိ​ရည်ရွယ်​ချက်​အတွက် ပြင်ဆင်​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​ကို​ပင်လျှင် ဒုက္ခခံရာ​နေ့ရက်​အတွက် ပြင်ဆင်​တော်မူ​၏​။


ပုဆိန်​သည် သူ့​ကို​ကိုင်​သော​သူ​ထက် မိမိကိုယ်မိမိ​အမွှမ်းတင်​မည်လော​။ လွှ​သည် သူ့​ကို​အသုံးပြု​သော​သူ​ထက် မိမိကိုယ်မိမိ​ချီးမြှောက်​မည်လော​။ ကြိမ်လုံး​က ကိုင်မြှောက်​သော​သူ​ကို ပြန်​၍​လွှဲယမ်း​သကဲ့သို့​၊ တောင်ဝှေး​က သစ်သား​မ​ဟုတ်​သော​လူ​ကို ပြန်​၍​ကိုင်မြှောက်​သကဲ့သို့ ဖြစ်​ပါ​သည်​တကား​။


ဤ​အမှု​ကို ရှေးယခင်​ကပင် ငါ​ချမှတ်​ခဲ့​ကြောင်း သင်​မ​ကြား​ဖူး​သလော​။ သင်​သည် ခိုင်ခံ့​သော​မြို့​တို့​ကို အပျက်အစီး​ကျောက်ပုံ​ဖြစ်စေ​မည်​ကို ရှေးယခင်​ကပင် ငါ​စီမံ​ထား​၍ ယခု ငါ​ဖြစ်​စေ​ပြီ​။


အရှေ့​အရပ်​မှ အသားစားငှက်​ကို ငါ​ခေါ်​ခဲ့​မည်​။ ဝေးလံ​သော​အရပ်​မှ ငါ့​အကြံအစည်​ကို ပြည့်စုံ​စေ​သော​သူ​အား ငါ​ခေါ်​ခဲ့​မည်​။ ငါ​မိန့်ဆို​ပြီ​၊ အကယ်စင်စစ် ငါ​ဖြစ်စေ​မည်​။ ငါ​ကြံရွယ်​ပြီ​၊ အကယ်စင်စစ် ငါ​ပြု​မည်​။


တစ်စုံတစ်ဦး​သည် သင့်​ကို ရန်ပြု​ခဲ့​လျှင် ထို​အမှု​သည် ငါ့​ထံမှ​လာ​သည်​မ​ဟုတ်​။ သင့်​ကို​ရန်ပြု​သော​သူ​သည် သင့်​ရှေ့​၌​ကျဆုံး​လိမ့်မည်​။


သင့်​ကို​တိုက်ခိုက်​ရန် ထုတ်လုပ်​သော​လက်နက်​ရှိသမျှ​သည် အထမြောက်​မည်​မ​ဟုတ်​။ သင်​နှင့်​တရားဆိုင်​၍ သင့်​ကို​ဆန့်ကျင်​သော​လျှာ​ရှိသမျှ​တို့​ကို သင်​က အောင်​နိုင်​လိမ့်မည်​။ ဤသည်ကား ထာဝရဘုရား​၏​အစေအပါး​တို့ ရရှိ​သော​အမွေ​၊ ငါ့​ထံမှ​ရရှိ​သော​ဖြောင့်မတ်​ခြင်း​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


တစ်ဖန် ထာဝရဘုရား​သည် ငါ့​အား လက်မှုပညာသည် လေး​ဦး​ကို ပြ​တော်မူ​၏​။


ထို့နောက် ငါ​မျှော်ကြည့်​လျှင် တိုင်းစရာ​ကြိုး​ကို ကိုင်​ထား​သော​လုလင်​တစ်​ဦး​ကို တွေ့​ရ​၏​။


“​ထို​လုလင်​နောက်သို့ ပြေးသွား​၍ ‘​ဂျေရုဆလင်​မြို့​တွင် နေထိုင်​သော​လူ​နှင့် တိရစ္ဆာန်​တို့​သည် အလွန်​များပြား​လွန်း​သဖြင့် ထို​မြို့​သည် မြို့ရိုး​မ​ရှိ​သော​မြို့​ကဲ့သို့ ဖြစ်​လိမ့်မည်​။


ယေရှု​က“အထက်​အရပ်​မှ​ပေးအပ်​တော်​မ​မူ​လျှင် သင်​သည် ငါ့​အပေါ် မည်သည့်​အခွင့်​အာဏာ​မျှ​မ​ရှိ။ ထို့ကြောင့် ငါ့​ကို သင့်​လက်​သို့​အပ်နှံ​သော​သူ​၌ ပို၍​ကြီးလေး​သော​အပြစ်​ရှိ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ဖိလိတ္တိ​လူမျိုး​တို့​က “​ဟေဗြဲ​လူမျိုး​တို့​ကို ဓား​၊ လှံ တစ်စုံတစ်ရာ​မျှ မ​လုပ်​စေ​နှင့်​”​ဟု ဆို​သဖြင့် ထိုစဉ်က အစ္စရေး​တစ်ပြည်လုံး​တွင် ပန်းပဲသမား​တစ်ယောက်မျှ မ​တွေ့​ရ​ချေ​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos