ဟေရှာယ 52:9 - မြန်မာ့စံမီသမ္မာကျမ်း9 ဂျေရုဆလင်မြို့၏ပြိုပျက်ရာအရပ်တို့၊ ဝမ်းမြောက်စွာဟစ်ကြော်ကြလော့။ အတူတကွ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကိုနှစ်သိမ့်တော်မူပြီ။ ဂျေရုဆလင်မြို့ကို ရွေးနုတ်တော်မူပြီ။ Ver CapítuloCommon Language Bible9 အချင်းယိုယွင်းပျက်စီးလျက်ရှိသည့် ယေရုရှလင်အဆောက်အဦတို့၊အားရရွှင်လန်းစွာ ကြွေးကြော်ကြလော့။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား နှစ်သိမ့်စေတော်မူပြီ။ ကိုယ်တော်သည်ယေရုရှလင်မြို့တော်ကို ကယ်တင်တော်မူပြီ။ Ver CapítuloGarrad Bible9 အ ချင်း ယေ ရု ရှ လင် မြို့ ဆိုး ကုန်း တို့ တစ် ပြိုင် တည်း ရွှင် လန်း လျက် ကြွေး ကြော် ကြ လော့။ ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ကို နှစ် သိမ့် စေ လျက်၊ ယေ ရု ရှ လင် မြို့ ကို ရွေး နုတ် တော် မူ ပြီ။ Ver CapítuloJudson Bible9 ယေရုရှလင်မြို့၌ ပြိုပျက်ရာအရပ်တို့၊ တညီတညွတ်တည်း သီချင်းဆိုသံနှင့် ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူပြီ။ ယေရုရှလင်မြို့ကို ရွေးနုတ်တော်မူပြီ။ Ver Capítulo |
အို မိုးကောင်းကင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပြီဖြစ်၍ ရွှင်လန်းစွာသီချင်းဆိုလော့။ မြေကြီး၏နက်ရှိုင်းသောအရပ်တို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အို တောင်တို့၊ ဟစ်ကြော်ကြလော့။ တောနှင့်တကွ သစ်ပင်အပေါင်းတို့၊ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ အစ္စရေးလူမျိုး၌ ဘုန်းထင်ရှားတော်မူပြီ။
ငါသည် ငါ့အစေအပါး၏စကားကို တည်စေ၏။ ငါ့စေတမန်တို့၏အကြံဉာဏ်ကို အထမြောက်စေ၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့သည် လူတို့နေထိုင်ရာအရပ်ဖြစ်လိမ့်မည်’ဟူ၍လည်းကောင်း၊ ယုဒမြို့တို့နှင့်ပတ်သက်၍ ‘ထိုမြို့တို့သည် တည်ဆောက်ခြင်းခံရမည်။ မြို့၏ပြိုပျက်ရာတို့ကို ငါပြန်လည်ထူထောင်မည်’ဟူ၍လည်းကောင်း ငါမိန့်ဆို၏။
အကယ်စင်စစ် ထာဝရဘုရားသည် ဇိအုန်မြို့ကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏ပြိုပျက်ရာကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏တောကန္တာရအရပ်ကို ဧဒင်အရပ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၏သဲကန္တာရကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၌ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ သီချင်းသီဆိုခြင်းရှိမည်။