ဟေရှာယ 52:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထာဝရဘုရားက “သင်တို့သည် အဖိုးမဲ့ရောင်းစားခံရသည်ဖြစ်၍ ငွေမပေးရဘဲ ရွေးနုတ်ခံရမည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible3 ထာဝရဘုရားကမိမိ၏လူမျိုးတော်အား``သင် တို့သည်ငွေဖြင့်ရောင်းချမှုကိုမခံရသော်လည်း ကျွန်ဘဝသို့ရောက်ရှိသွားကြ၏။ ထို့ကြောင့်သင် တို့အားရွေးနုတ်ရာတွင်လည်းအဖိုးငွေပေးရ လိမ့်မည်မဟုတ်။ သင်တို့သည်အခမဲ့လွတ်လပ် ခွင့်ကိုရရှိကြလိမ့်မည်။- Ver CapítuloGarrad Bible3 ထာ ဝ ရ ဘု ရား က၊ အ ဖိုး မဲ့ ရောင်း ချ ခံ ရ သည့် အ လျောက်၊ ကိုယ် နေ ကျေး ကင်း လျက် ရွေး နုတ် ခံ ရ လိမ့် မည် ဟု မိန့် တော် မူ ၏။ Ver CapítuloJudson Bible3 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ကိုယ်ဖိုးငွေကိုမရဘဲ ကျွန်ခံရသည်ဖြစ်၍၊ ငွေမပေးဘဲ ရွေးခြင်းသို့ ရောက်ကြလိမ့်မည်။ Ver Capítulo |
ငါကိုယ်တော်တိုင် ကုရုမင်းကြီးကို ဖြောင့်မတ်ခြင်းအတွက် နိုးထစေပြီ။ သူသွားရာလမ်းရှိသမျှကို ဖြောင့်ဖြူးစေမည်။ သူသည် ငါ၏မြို့ကို ပြန်လည်တည်ဆောက်လိမ့်မည်။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောငါ့လူတို့ကို အဖိုးအခ၊ တံစိုးလက်ဆောင်မယူဘဲ လွှတ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
တောထဲရှိအပင်တို့သည် အသီးသီးလိမ့်မည်။ မြေကြီးသည် အသီးအနှံကို ဖြစ်ထွန်းစေမည်။ သူတို့သည် နေရင်းပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ထမ်းထားရသောထမ်းပိုးကိုချိုး၍ သူတို့အားကျွန်ပြုသောသူတို့လက်မှ သူတို့ကို ကယ်နုတ်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။