ဟေရှာယ 51:2 - မြန်မာ့စံမီသမ္မာကျမ်း2 သင်တို့အဖ အာဗြဟံ၊ သင်တို့ကိုမွေးဖွားသောစာရာကို ကြည့်ကြလော့။ ငါခေါ်စဉ်က အာဗြဟံတစ်ဦးတည်းရှိ၏။ ငါသည် သူ့ကို ကောင်းချီးပေး၍ များပြားစေ၏။ Ver CapítuloCommon Language Bible2 သင်တို့၏ဘိုးအေအာဗြဟံနှင့်ဘွားအေစာရာတို့၏ အကြောင်းကိုအောက်မေ့ဆင်ခြင်ကြလော့။ အာဗြဟံအားငါခေါ်ယူစဉ်အခါက သူ့မှာသားသမီးမရှိ။ သို့ရာတွင်ငါသည်သူ့အားသားသမီးများဖြင့် ကောင်းချီးပေး၍၊ သူ၏အဆက်အနွယ်တို့ကိုများပြားစေတော်မူ၏။ Ver CapítuloGarrad Bible2 သင် တို့ ကို ဖွား မြင် ခဲ့ သော အ မိ စာ ရာ နှင့် အ ဘ အာ ဗြ ဟံ တို့ ကို အာ ရုံ ပြု ကြ လော့။ တစ် ဦး တည်း သော အာ ဗြ ဟံ ကို ခေါ် လျက် ကောင်း ကြီး ပေး သ ဖြင့်၊ တိုး ပွား စေ သည့် အ လျောက်၊ Ver CapítuloJudson Bible2 သင်တို့၏အဘ အာဗြဟံနှင့်၊ သင်တို့ကိုဖွားသောသူ စာရာတို့ကို ကြည့်ရှုကြလော့။ ငါသည် တစ်ယောက်တည်းသောသူ အာဗြဟံကို ခေါ်၍၊ ကောင်းချီးပေးသဖြင့် များပြားစေ၏။ Ver Capítulo |
အို ယာကုပ်အမျိုးအနွယ်တို့၊ နားထောင်ကြလော့။ သင်တို့သည် အစ္စရေးဟူသောအမည်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူ၊ ယုဒစမ်းရေတွင်းများမှ စီးထွက်လာသူ၊ သစ္စာတရားအားဖြင့်မဟုတ်၊ ဖြောင့်မတ်ခြင်းအားဖြင့်မဟုတ်ဘဲ ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုသူ၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထံ ပတ္ထနာပြုသောသူ၊