ဟေရှာယ 50:10 - မြန်မာ့စံမီသမ္မာကျမ်း10 သင်တို့တွင် မည်သူသည် ထာဝရဘုရားကိုကြောက်ရွံ့သနည်း။ မည်သူသည် ကိုယ်တော့်အစေအပါး၏စကားကို နားထောင်သနည်း။ မည်သူသည် အလင်းမရှိဘဲ အမှောင်ထုထဲ၌ သွားလာသနည်း။ သူသည် ထာဝရဘုရား၏နာမတော်၌ ယုံကြည်ကိုးစားပါစေ။ ဘုရားသခင်၌ ကိုးစားပါစေ။ Ver CapítuloCommon Language Bible10 ထာဝရဘုရားအားကြောက်ရွံ့ရိုသေ၍၊ ကိုယ်တော်အစေခံ၏စကားကိုနားထောင်သူ အပေါင်းတို့၊ သင်တို့လျှောက်ရသည့်လမ်းသည်မှောင်လျက် နေကောင်းနေလိမ့်မည်။ သို့ရာတွင်သင်တို့သည်ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ သင်တို့၏ဘုရားသခင်ကိုမှီခိုအားကိုးကြလော့။ Ver CapítuloGarrad Bible10 သင် တို့ အ နက် ထာ ဝ ရ ဘု ရား ကို ခန့် ညား လျက်၊ ကျွန် တော် ရင်း စ ကား ကို နာ ခံ သူ မည် သူ နည်း။ အ လင်း ကင်း လျက် မှောင် မိုက်၌ သွား လာ သူ တိုင်း ထာ ဝ ရ ဘု ရား၏ နာ မ တော် အား ကိုး စား၍ ကိုယ့် ဘု ရား သ ခင် ကို တံ ကဲ ပြု ပါ စေ။ Ver CapítuloJudson Bible10 သင်တို့တွင် အဘယ်သူသည် ထာဝရဘုရားကို ကြောက်ရွံ့သနည်း။ ထိုသူသည် ကိုယ်တော်ကျွန်၏စကားသံကို နားထောင်ပါစေ။ အဘယ်သူသည် အလင်းမရှိဘဲ မှောင်မိုက်၌ သွားလာသနည်း။ ထိုသူသည် ထာဝရဘုရား၏နာမတော်ကို ခိုလှုံ၍၊ မိမိဘုရားသခင်ကို အမှီပြုပါစေ။ Ver Capítulo |
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် သူတို့ကို စီရင်တော်မူမည်မဟုတ်လော။ အကျွန်ုပ်တို့ကို တိုက်ခိုက်လာသောဤစစ်တပ်ကြီးကို ရင်ဆိုင်ဖို့ အကျွန်ုပ်တို့၌ အင်အားမရှိပါ။ အကျွန်ုပ်တို့ မည်သို့ပြုရမည်ကို မသိသောကြောင့် ကိုယ်တော်ကိုသာ မျှော်ကြည့်နေကြပါ၏”ဟု ဆုတောင်းလေ၏။
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။
နေဗုခဒ်နေဇာမင်းကြီးကလည်း “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ သူတို့သည် မိမိတို့ဘုရားမှတစ်ပါး အခြားဘုရားကို မကိုးကွယ်မရှိခိုး။ ဘုရင့်အမိန့်အား ဆန့်ကျင်၍ မိမိတို့အသက်ကိုပင် စတေးခဲ့ကြပြီ။ ကိုယ်တော်သည်လည်း သူ့ကိုယုံကြည်ကိုးစားသော သူ့အစေအပါးတို့အား ကောင်းကင်တမန်ကို စေလွှတ်၍ကယ်တော်မူပြီ။
ထိုအခါ ရှာလသေလ၏သား ဇေရုဗဗေလ၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုနှင့် ကြွင်းကျန်သောလူအပေါင်းတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုလည်းကောင်း၊ မိမိတို့၏ဘုရားသခင်ထာဝရဘုရားစေလွှတ်တော်မူသောပရောဖက်ဟဂ္ဂဲ ဆင့်ဆိုသည့်စကားကိုလည်းကောင်း နားထောင်ကြ၏။ လူအပေါင်းတို့သည်လည်း ထာဝရဘုရားကို ကြောက်ရွံ့ရိုသေကြ၏။