ဟေရှာယ 49:21 - မြန်မာ့စံမီသမ္မာကျမ်း21 သင်က “မည်သူသည် ငါ့အတွက် ဤသူတို့ကို မွေးဖွားခဲ့သနည်း။ ငါသည် သားသမီးများဆုံးပါး၍ သားသမီးမရနိုင်သောသူ၊ ဖမ်းခေါ်သွားခြင်းခံရသူ၊ အပယ်ခံရသူဖြစ်၏။ ဤသူတို့ကို မည်သူကျွေးမွေးစောင့်ရှောက်ခဲ့သနည်း။ ငါသည် တစ်ယောက်တည်းကျန်ရစ်ခဲ့၏။ ဤသူတို့သည် မည်သည့်အရပ်မှရောက်လာကြသနည်း”ဟု သင့်စိတ်ထဲ၌ တွေးလိမ့်မည်။ Ver CapítuloCommon Language Bible21 ထိုအခါသင်သည်မိမိကိုယ်ကိုပြန်၍၊ `ငါသည်ဤသားသမီးများကိုအဘယ်သူနှင့် ရရှိပါသနည်း။ ငါ၏သားသမီးများသည်သေဆုံးသွားပြီဖြစ်၍ ငါ့မှာသားသမီးမရှိနိုင်တော့ပါ။ ငါသည်ရပ်ဝေးသို့ပြည်နှင်ဒဏ်သင့်၍ နှင်ထုတ်ခံခဲ့ရသဖြင့် ဤသားသမီးတို့ကိုအဘယ်သူကျွေးမွေးပြုစု ခဲ့ပါသနည်း။ ငါသည်တစ်ကိုယ်တည်းသာလျှင်ကျန်ရှိခဲ့၏။ ဤသားသမီးများကား၊အဘယ်အရပ်မှ ရောက်ရှိလာကြပါသနည်း'' ဟုမေးလိမ့်မည်။ Ver CapítuloGarrad Bible21 သင် က ငါ သည် သား ဆုံး ပါး ခြင်း ခံ ရ ၍၊ အ မြုံ အ ဖြစ် နှင့် စွန့် ခွာ နှင် ထုတ် ခံ ရ လျက်၊ ဤ သား တို့ ကို ဖွား မြင် မွေး မြူ သူ ကား မည် သူ နည်း။ ငါ သည် တစ် ဦး တည်း ဖြစ် လျက် နှင့် ထို သား သ မီး တို့ ကား အ သို့ နည်း ဟု အောက် မေ့ လိမ့် မည်။ Ver CapítuloJudson Bible21 သင်ကလည်း၊ ဤသူတို့ကို ငါ့အား အဘယ်သူ ဖြစ်ဖွားစေသနည်း။ ငါသည် သားဆုံးသောသူ၊ ဆိတ်ညံလျက် နေရသောသူ၊ နှင်ထုတ်ခြင်းကို ခံရသဖြင့်၊ အဝေးသို့ လည်ရသောသူဖြစ်၍၊ ဤသူတို့ကို အဘယ်သူ မွေးစားသနည်း။ ငါသည် တစ်ယောက်တည်း နေရသည်ဖြစ်၍၊ ဤသူတို့သည် အဘယ်မှာရှိကြသနည်းဟု အောက်မေ့လိမ့်မည်။ Ver Capítulo |
သင့်ကို “စွန့်ပစ်ခံရသူ”ဟု ခေါ်တော့မည်မဟုတ်။ သင်၏မြေကိုလည်း “လူသူကင်းမဲ့ရာအရပ်”ဟု ခေါ်တော့မည်မဟုတ်။ သင့်ကို “ငါနှစ်သက်မြတ်နိုးသူ”ဟူ၍လည်းကောင်း၊ သင်၏မြေကို “လက်ထပ်ပြီးသူ”ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုနှစ်သက်မြတ်နိုးတော်မူ၏။ သင်၏မြေသည်လည်း လက်ထပ်ခွင့်ရလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သင်သည် သဘာဝအတိုင်း ရိုင်းသည့်သံလွင်ပင်မှ ခုတ်ဖြတ်ခံရ၍ ကောင်းသည့်သံလွင်ပင်၌ သဘာဝနှင့်ဆန့်ကျင်လျက် ကိုင်းဆက်ကူးခြင်းခံရသည်မှန်လျှင် သဘာဝအတိုင်း ကောင်းသည့်သံလွင်ပင်၏အကိုင်းများကိုမူကား မူရင်းသံလွင်ပင်၌ မည်မျှပို၍လွယ်ကူစွာ ကိုင်းဆက်ကူးနိုင်လိမ့်မည်နည်း။