ဟေရှာယ 49:1 - မြန်မာ့စံမီသမ္မာကျမ်း1 ကမ်းရိုးတန်းဒေသတို့၊ ငါ့စကားကို နားထောင်ကြလော့။ ရပ်ဝေးရှိလူမျိုးတို့၊ အာရုံစိုက်နားထောင်ကြလော့။ ထာဝရဘုရားသည် ငါမမွေးမီကပင် ငါ့ကိုခေါ်တော်မူ၏။ အမိဝမ်းထဲရှိစဉ်ကပင် ငါ၏နာမည်ကိုမှတ်တော်မူ၏။ Ver CapítuloCommon Language Bible1 တိုင်းတစ်ပါးမှလူမျိုးအပေါင်းတို့၊ ရပ်ဝေးတွင် နေထိုင်သောလူတို့၊ ငါပြောသည်ကိုသင်တို့နားထောင်ကြလော့။ ငါမမွေးမဖွားမီအခါကပင်လျှင် ထာဝရဘုရားသည်ငါ့ကိုရွေးကောက်တော်မူ၍၊ မိမိ၏အစေခံအဖြစ်ဖြင့်ခန့်ထားတော်မူပါ၏။ Ver CapítuloGarrad Bible1 အ ချင်း ကျွန်း ကြီး ကျွန်း ငယ် တို့ ငါ့ စ ကား ကို နာ ခံ ကြ လော့။ အ ချင်း လူ မျိုး တို့၊ ဝေး ကွာ ရာ အ ရပ် မှ နား ထောင် ကြ လော့။ ထာ ဝ ရ ဘု ရား သည် ငါ့ ကို ဖွား စ က ပင် ခေါ် တော် မူ ပြီ။ အ မိ ဝမ်း မှ စ၍ ငါ့ အ မည် ကို မှတ် တော် မူ ပြီ။ Ver CapítuloJudson Bible1 တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၊ ငါ့စကားကိုကြားကြလော့။ ဝေးစွာသောလူမျိုးတို့၊ စေ့စေ့နားထောင်ကြလော့။ ငါဖွားစကပင် ထာဝရဘုရားသည် ငါ့ကိုခေါ်တော်မူ၏။ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏။ Ver Capítulo |
ငါ့ကို အမိဝမ်းထဲကပင် မိမိ၏အစေအပါးအဖြစ် ပုံဖော်ဖန်ဆင်းတော်မူသော ထာဝရဘုရားက အစ္စရေးလူမျိုးတို့ အထံတော်၌စုဝေးကြမည့်အကြောင်း ယာကုပ်အမျိုးကို အထံတော်သို့ပြန်ခေါ်ဆောင်လာရန် မိန့်မှာတော်မူခဲ့၏။ ငါသည် ထာဝရဘုရား၏မျက်မှောက်တော်၌ ဂုဏ်ပြုချီးမွမ်းခြင်းခံရသူဖြစ်၏။ ဘုရားသခင်သည် ငါ၏ခွန်အားဖြစ်တော်မူ၏။
အကယ်စင်စစ် ကမ်းရိုးတန်းဒေသတို့သည် ငါ့ကိုစောင့်မျှော်ကြလိမ့်မည်။ သင့်ကို ဘုန်းထင်ရှားစေတော်မူပြီဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အတွက်၊ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်အတွက် တာရှုသင်္ဘောတို့သည် သင်၏သားတို့ကို သူတို့၏ရွှေငွေများနှင့်အတူ အဝေးမှ အဦးဆုံးခေါ်ဆောင်လာလိမ့်မည်။
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။