ဟေရှာယ 48:8 - မြန်မာ့စံမီသမ္မာကျမ်း8 သင်ကြားလည်းမကြား၊ သိလည်းမသိ၊ အစကတည်းက သင်နားပိတ်လျက်နေ၏။ သင်သည် အလွန်သစ္စာမဲ့၍ ဖွားစကပင် သင့်ကို ဆန့်ကျင်ပုန်ကန်သောသူဟုခေါ်ကြသည်ကို ငါသိ၏။ Ver CapítuloCommon Language Bible8 သင်တို့အားယုံကြည်စိတ်ချ၍ မရကြောင်းကိုလည်းကောင်း၊ သင်တို့သည်မွေးဖွားလာချိန်မှပင်အစပြု၍ သူပုန်များဟုအခေါ်ခံရကြသည်ကိုလည်း ကောင်း ငါသိ၏။ ထို့ကြောင့်ဤအမှုအရာများအကြောင်းကို သင်တို့သည်အဘယ်အခါကမျှမကြားခဲ့ နားမလည်ခဲ့။ ယခင်ကတည်းကသင်တို့သည်လည်းနားမပွင့်။ Ver CapítuloGarrad Bible8 သင် သည် ဝမ်း တွင်း က ပင် လွန် ကျူး သူ ဟု အ ခေါ် ခံ ရ၍၊ သ စ္စာ ပျက် တတ် သည် ကို ငါ သိ သည့် အ လျောက်၊ နား မ ပွင့် ဘဲ၊ ကြား လည်း မ ကြား၊ သိ လည်း မ သိ၊ ကြာ မြင့် စွာ သင် နေ ခဲ့၏။ Ver CapítuloJudson Bible8 အကယ်စင်စစ် သင်သည် မကြားမသိစဖူး။ သင်၏နားသည် အထက်က မပွင့်။ အကြောင်းမူကား၊ သင်သည် သစ္စာပျက်လိမ့်မည်။ ဖွားစကပင် သင့်ကိုသူပုန်ဟူ၍ သမုတ်ရလိမ့်မည်ကို ငါသိ၏။ Ver Capítulo |
ယုဒအမျိုးသည် သစ္စာမရှိ။ အစ္စရေးပြည်တွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြလေပြီ။ အကယ်စင်စစ် ယုဒအမျိုးသည် တိုင်းတစ်ပါးဘုရားကိုကိုးကွယ်သောသမီးပျိုတို့နှင့် စုံဖက်ခြင်းဖြင့် ထာဝရဘုရားမြတ်နိုးတော်မူသောသန့်ရှင်းစင်ကြယ်ခြင်းကို ညစ်ညူးစေလေပြီ။
ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်၏ဘိုးဘေးတို့နှင့်အတူ သင်အိပ်ပျော်ပြီးနောက်တွင် ဤလူမျိုးတို့သည် သူတို့ဝင်ရောက်မည့်ပြည်ရှိတိုင်းတစ်ပါးသားတို့၏ဘုရားများနှင့် ထ၍ဖောက်ပြန်မှားယွင်းကြမည်။ ငါကိုစွန့်ပယ်ကြမည်။ သူတို့နှင့်ငါဖွဲ့ခဲ့သော ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။