ဟေရှာယ 48:5 - မြန်မာ့စံမီသမ္မာကျမ်း5 ‘ငါ၏ရုပ်တုသည် ထိုအရာတို့ကိုပြုခဲ့၏။ ငါ၏သစ်သားရုပ်တု၊ ကြေးရုပ်တုတို့သည် ထိုအရာတို့ကို အမိန့်ပေးခဲ့ကြ၏’ဟု သင်မပြောနိုင်အောင် ရှေးမဆွကပင် သင့်ကို ငါပြောခဲ့၏။ မဖြစ်လာမီကပင် သင့်ကို ကြားသိစေခဲ့၏။ Ver CapítuloCommon Language Bible5 ငါသည်အမှုအရာများမဖြစ်ပျက်မီက ပင်လျှင် ကြိုတင်၍၊သင်တို့၏အနာဂတ်ကို ဟောကြားခဲ့ပေသည်။ ယင်းသို့ပြုရခြင်းမှာဤအမှုအရာများကို သင်တို့လုပ်သည့်ရုပ်တုများကဖြစ်ပေါ်စေသည်ဟု သင်တို့မပြောမဆိုနိုင်ကြစေရန်ပင်ဖြစ်၏။ Ver CapítuloGarrad Bible5 ကိုယ့် ရုပ် ပွား ဆင်း တု ဘု ရား စီ မံ ပြု လုပ် ပြီ ဟု၊ သင် ဆို ခွင့် မ ရ စေ ရန်၊ မ ဖြစ် ပျက် မီ၊ ယ မန် က ပင်၊ ငါ ကြား ပြော ဖော် ပြ လေ ပြီ။ Ver CapítuloJudson Bible5 အထက်က သင့်အားငါဟောပြီ။ အမှုမဖြစ်မီ ငါဖော်ပြပြီ။ သို့ဖြစ်၍ သင်က၊ ငါ၏ရုပ်တုသည် ဤအမှုကိုပြုပြီ။ ငါထုသောရုပ်တု၊ ငါသွန်းသောရုပ်တုသည် ဤအမှုကို စီရင်ပြီဟု ပြောရသောအခွင့် မရှိ။ Ver Capítulo |