ဟေရှာယ 48:13 - မြန်မာ့စံမီသမ္မာကျမ်း13 အကယ်စင်စစ် ငါ့လက်ဖြင့် မြေကြီးကိုတည်၏။ ငါ့လက်ယာလက်ဖြင့် မိုးကောင်းကင်ကို ကြက်၏။ ၎င်းတို့ကို ငါမိန့်တော်မူလျှင် အတူတကွပေါ်လာကြ၏။ Ver CapítuloCommon Language Bible13 ငါ၏လက်တော်သည်ကမ္ဘာမြေကြီး အုတ်မြစ်များကိုချ၍၊ မိုးကောင်းကင်ကိုဖြန့်ကြက်ခဲ့၏။ ငါသည်ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်ကို ဆင့်ခေါ်သောအခါ၊သူတို့သည်ချက်ချင်း ပေါ်ပေါက်လာကြပါသည်တကား။ Ver CapítuloGarrad Bible13 ငါ သည် လက် တော် ဖြင့် မြေ ပ ထ ဝီ ကို တည် ထောင် လေ ပြီ။ ညာ လက် တော် ဖြင့် မိုး ကောင်း ကင် ကို ကြက် လေ ပြီ။ မိန့် တော် မူ ကာ မျှ ဖြင့် တစ် ပြိုင် နက် တည် ရ၏။ Ver CapítuloJudson Bible13 အကယ်စင်စစ် ငါ့လက်သည် မြေကြီးကိုတည်လေပြီ။ ငါ့လက်ယာလက်သည် မိုးကောင်းကင်ကို ကြက်လေပြီ။ ငါခေါ်၍ သူတို့သည် ချက်ချင်းပေါ်လာကြ၏။ Ver Capítulo |
မိုးကောင်းကင်ကိုဖန်ဆင်း၍ ဖြန့်ကြက်တော်မူသောအရှင်၊ မြေကြီးနှင့်မြေကြီးမှဖြစ်လာသောအရာတို့ကို ခင်းကျင်းတော်မူသောအရှင်၊ မြေကြီးပေါ်ရှိလူတို့အား ဇီဝအသက်ကိုလည်းကောင်း၊ မြေကြီးပေါ်တွင် အသက်ရှင်သွားလာသောသူတို့အား ဝိညာဉ်ကိုလည်းကောင်း ပေးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။
မိုးကောင်းကင်ကိုဖြန့်ကြက်တော်မူသော၊ မြေကြီးကိုအုတ်မြစ်ချတော်မူသော၊ သင့်ကိုဖန်ဆင်းတော်မူသောထာဝရဘုရားကို သင်မေ့လျော့၏။ သင့်ကိုဖျက်ဆီးရန် အသင့်ရှိနေသည့် နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကြောင့် သင်သည် နေ့စဉ်မပြတ်ကြောက်ရွံ့နေ၏။ နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကား အဘယ်မှာနည်း။
“ငါသည် သင့်ကို များစွာသောလူမျိုးတို့၏ဖခင်ဖြစ်စေပြီ”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း အာဗြဟံသည် မိမိယုံကြည်သောဘုရားသခင်တည်းဟူသော သေလွန်သောသူတို့ကိုအသက်ရှင်စေ၍ ဖြစ်တည်ခြင်းမရှိသည့်အရာများကိုဖြစ်ပေါ်လာစေရန် အမိန့်ပေးနိုင်သောဘုရားသခင်ရှေ့တော်၌ ငါတို့အားလုံး၏ဖခင်ဖြစ်၏။