ဟေရှာယ 47:9 - မြန်မာ့စံမီသမ္မာကျမ်း9 သင်သည် မှော်အတတ်မည်မျှပင်တတ်သော်လည်း၊ သင်၏ဂါထာမန္တန်မည်မျှပင်စွမ်းသော်လည်း သားသမီးဆုံးရှုံးခြင်း၊ မုဆိုးမဖြစ်ခြင်း နှစ်မျိုးလုံးသည် တစ်နေ့တည်း တစ်ခဏချင်းတွင် သင့်ထံရောက်လာမည်။ မလွဲမသွေရောက်လာမည်။ Ver CapítuloCommon Language Bible9 သို့ရာတွင်၊သင်သည်တစ်နေ့အတွင်းတခဏ ခြင်း၌ ဤအမှုနှစ်ရပ်စလုံးနှင့်ကြုံတွေ့ရလိမ့်မည်။ မှော်အတတ်မှန်မျှကိုအသုံးပြုပါသော်လည်း သင်သည်သားသမီးများကိုဆုံးရှုံးရလျက်၊ မုဆိုးမဘဝသို့ရောက်လိမ့်မည်။ Ver CapítuloGarrad Bible9 တစ် နေ့ ချင်း ပင် သား ဆုံး ခြင်း၊ လင် ဆုံး ခြင်း တည်း ဟူ သော ဘေး နှစ် မျိုး သည်၊ ရှောင် တ ခင် သင့် ရောက် လိမ့် မည်။ သင်၌ မ န္တာန် မြောက် မြား ၍၊ ဝိ ဇ္ဇာ အ တတ် လွန် ကဲ သော် လည်း အ ကုန် အ စင် သင့် ရောက် လိမ့် မည်။ Ver CapítuloJudson Bible9 သင်သည် ပြုစားသောအတတ်နှင့် နတ်ဝိဇ္ဇာအတတ်များတို့ကို အလွန်ပြုစုသော်လည်း၊ တစ်နေ့တစ်ခဏခြင်းတွင် သားဆုံးခြင်းနှင့် လင်ဆုံးခြင်းတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၌ရောက်လိမ့်မည်။ သင်၏အပေါ်၌ အကုန်အစင် သင့်ရောက်လိမ့်မည်။ Ver Capítulo |
ရှင်ဘုရင်သည် ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများကို ခေါ်သွင်းရန် အော်ဟစ်ပြီးလျှင် ဘေဘီလုံပညာရှိတို့အား “ဤစာကိုဖတ်ပြီး အနက်အဓိပ္ပာယ်ကို ဖွင့်ပြပေးနိုင်သူ မည်သူမဆို ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်စေ၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ပေးမည်”ဟု မိန့်ဆိုလေ၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။