ဟေရှာယ 46:4 - မြန်မာ့စံမီသမ္မာကျမ်း4 ငါသည် သင်တို့အိုမင်းသည့်တိုင်အောင် ထိုသို့ပြုပေးမည့်အရှင်ဖြစ်၏။ သင်တို့ဆံပင်ဖြူသည့်တိုင်အောင် သင်တို့ကို ချီပိုးထားမည်။ သင်တို့ကို ငါဖန်ဆင်းခဲ့ပြီ။ သင်တို့ကို ငါချီမထားမည်။ ငါသည် သင်တို့ကို ထမ်းထားမည်။ ကယ်မမည်။ Ver CapítuloCommon Language Bible4 ငါသည်သင်တို့၏ဘုရားသခင်ဖြစ်၏။ သင်တို့အိုမင်း၍ဆံပင်ဖြူသည်တိုင်အောင်၊ သင်တို့အားငါကြည့်ရှုစောင့်ရှောက်ပို့ဆောင် မည်။ သင်တို့အားငါကူမမည်။ ကယ်တင်မည်။ Ver CapítuloGarrad Bible4 ငါ သာ လျှင် ငါ ဖြစ် သည့် အ လျောက်၊ သင် တို့ အို မင်း၍ ဆံ ဖြူ သည့် တိုင် အောင်၊ ထမ်း ဆောင် မည်။ ငါ ဖန် ဆင်း ခဲ့ သည့် အ လျောက် ချီ ဆောင် ဦး မည်။ ငါ သည် ထမ်း ဆောင်၍ လွှတ် မြောက် စေ လိမ့် မည်။ Ver CapítuloJudson Bible4 သင်တို့အသက်ကြီး၍ ဆံပင်ဖြူသည်တိုင်အောင်၊ ငါသည် ထိုသို့သောသူဖြစ်၍၊ သင်တို့ကိုဆောင်ရွက်မည်။ ငါပြုခဲ့ပြီးသည်အတိုင်း ထမ်းဦးမည်။ ဆောင်ရွက်၍ ကယ်တင်မည်။ Ver Capítulo |
ဤအရပ်သို့ သင်တို့ရောက်သည့်တိုင်အောင် သင်တို့သွားသည့်လမ်းခရီးတစ်လျှောက်တွင် ဖခင်သည် သားကိုချီပိုးသကဲ့သို့ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို မည်ကဲ့သို့ချီပိုးတော်မူခဲ့ကြောင်းကို တောကန္တာရ၌သင်တို့တွေ့မြင်ခဲ့ရသကဲ့သို့ ထာဝရဘုရားသည် သင်တို့အဖို့ စစ်တိုက်တော်မူလိမ့်မည်’ဟု ဆို၏။