ဟေရှာယ 44:2 - မြန်မာ့စံမီသမ္မာကျမ်း2 သင့်ကိုဖန်ဆင်းသောအရှင်၊ သင့်ကို ဝမ်းထဲကပင်ပုံဖော်ဖန်ဆင်းတော်မူ၍ သင့်ကိုကူညီမစသောထာဝရဘုရားက “ငါ့အစေအပါး ယာကုပ်၊ ငါရွေးချယ်သောယေရှုရုန်၊ မကြောက်နှင့်။ Ver CapítuloCommon Language Bible2 ငါသည်သင်တို့ကိုဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်၏။ သင်တို့မွေးဖွားချိန်မှအစပြု၍ငါသည် သင်တို့အားကူမခဲ့လေပြီ။ မကြောက်ကြနှင့်၊ သင်တို့သည် ငါ၏အစေခံ၊ ငါချစ်မြတ်နိုး၍ရွေးချယ်ထားသည့် လူမျိုးတော်ဖြစ်ကြ၏။ Ver CapítuloGarrad Bible2 သင့် ကို ဖန် ဆင်း၍ ဝမ်း တွင်း က ပင် ပြု ပြင် ခဲ့ သည့် အ လျောက်၊ မ စ လ တ္တံ့ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ငါ့ ကျွန် ရင်း ယာ ကုပ်၊ ငါ ရွေး ချယ် သူ ယေ ရှု ရုန်၊ မ ကြောက် လင့်။ Ver CapítuloJudson Bible2 သင့်ကို ဖန်ဆင်းတော်မူသောဘုရား၊ ဖွားစကပင် သင့်ကိုပြုပြင်၍၊ နောင်၌လည်း မစလတ္တံ့သော ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ယေရှုရုန်၊ မစိုးရိမ်နှင့်။ Ver Capítulo |
အကိုင်းအခက်တို့သည် ခြောက်သွေ့လျှင် ချိုးပစ်ခြင်းခံရလိမ့်မည်။ မိန်းမတို့သည် လာ၍ ချိုးယူမီးဆိုက်ကြလိမ့်မည်။ ဤလူမျိုးသည် အသိဉာဏ်မရှိသောကြောင့် သူ့ကိုဖန်ဆင်းသောအရှင်သည် သူ့ကိုသနားတော်မူမည်မဟုတ်။ သူ့ကိုပုံဖော်ဖန်ဆင်းသောအရှင်သည် သူ့ကိုမျက်နှာသာပေးတော်မူမည်မဟုတ်။
ငါ့ကို အမိဝမ်းထဲကပင် မိမိ၏အစေအပါးအဖြစ် ပုံဖော်ဖန်ဆင်းတော်မူသော ထာဝရဘုရားက အစ္စရေးလူမျိုးတို့ အထံတော်၌စုဝေးကြမည့်အကြောင်း ယာကုပ်အမျိုးကို အထံတော်သို့ပြန်ခေါ်ဆောင်လာရန် မိန့်မှာတော်မူခဲ့၏။ ငါသည် ထာဝရဘုရား၏မျက်မှောက်တော်၌ ဂုဏ်ပြုချီးမွမ်းခြင်းခံရသူဖြစ်၏။ ဘုရားသခင်သည် ငါ၏ခွန်အားဖြစ်တော်မူ၏။