ဟေရှာယ 43:27 - မြန်မာ့စံမီသမ္မာကျမ်း27 အဦးဆုံးဖခင်သည် အပြစ်ပြုခဲ့ပြီ။ သင့်အတွက် ကြားဝင်စေ့စပ်ပေးသူတို့သည် ငါ့ကိုပြစ်မှားကြပြီ။ Ver CapítuloCommon Language Bible27 သင်တို့ပထမအဦးဆုံးဘိုးဘေးဖြစ် သူသည် အပြစ်ကူးလွန်ခဲ့၏။ သင်တို့၏ခေါင်းဆောင်များကငါ့ကိုပြစ်မှား ကြ၏။ Ver CapítuloGarrad Bible27 သင့် အ ဘ ဦး ပြစ် မှား၍၊ ဗျာ ဒိတ် တော် ဆင့် တို့ လွန် ကျုး ကြ သော ကြောင့်၊ Ver CapítuloJudson Bible27 သင်၏ ပထမအဘသည် ဒုစရိုက်ကိုပြုပြီ။ သင်၏ဆရာတို့သည် ငါ့ကို ပြစ်မှားကြပြီ။ Ver Capítulo |
ဤသူတို့သည် စပျစ်ဝိုင်ကြောင့် ယိမ်းထိုး၍ သေရည်သေရက်ကြောင့် ဒယီးဒယိုင်ဖြစ်ကြပြီ။ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များသည် သေရည်သေရက်ကြောင့် ယိမ်းထိုး၍ စပျစ်ဝိုင်ကြောင့်အာရုံထွေပြားကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲ၍ စိတ်အာရုံကို လွဲမှားစွာမြင်ကြပြီ။ ဆုံးဖြတ်ချက်ချရာတွင်လည်း အလွဲလွဲအချော်ချော်ဖြစ်ကြပြီ။
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
အကျွန်ုပ်တို့သည် အရှက်ကွဲခြင်း၌ လဲလျောင်းရပါစေ။ အသရေပျက်ခြင်းသည် အကျွန်ုပ်တို့ကို ဖုံးလွှမ်းပါစေ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ငယ်စဉ်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ဘိုးဘေးများသည် ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြပါပြီ။ ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို နားမထောင်ကြပါ”ဟု ဆိုကြ၏။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
သင်တို့၏ဘိုးဘေးတို့လက်ထက်မှစ၍ သင်တို့သည် ငါ့ပြဋ္ဌာန်းချက်တို့ကို မစောင့်ထိန်းဘဲ ရှောင်လွှဲသွားကြပြီ။ ငါ့ထံ ပြန်လာကြလော့။ ငါသည်လည်း သင်တို့ထံ ပြန်လာမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်ဆိုသည်ကိုပင် သင်တို့က “ငါတို့ မည်သို့ပြန်လာရမည်နည်း”ဟု ပြောဆိုကြ၏။