ဟေရှာယ 43:25 - မြန်မာ့စံမီသမ္မာကျမ်း25 ငါကိုယ်တော်တိုင် သင်ကျူးလွန်သောအပြစ်တို့ကို ငါ့အဖို့ ငါပယ်ဖျက်၏။ သင်၏အပြစ်တို့ကို ငါအောက်မေ့မည်မဟုတ်။ Ver CapítuloCommon Language Bible25 သို့သော်လည်းငါသည်မိမိ၏ဂုဏ်သိက္ခာကို ထောက်၍၊ သင်တို့အားအပြစ်ဖြေလွှတ်တော်မူသော အရှင် ဘုရားသခင်ဖြစ်ပေသည်။ Ver CapítuloGarrad Bible25 ငါ သည် ကိုယ့် အ တွက် သာ လျှင် သင့် ပြစ် မှု များ ကို မေ့ လျော့ ၍၊ လွန် ကျူး မှု များ ကို ဖြေ ဖျောက် သော အ ရှင် ဖြစ် သ တည်း။ Ver CapítuloJudson Bible25 ငါတစ်ပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ဒုစရိုက်အမှုတို့ကို မအောက်မေ့။ Ver Capítulo |
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။
ထာဝရဘုရားက “သူတို့သည် အိမ်နီးချင်း၊ ညီအစ်ကိုချင်းတို့အား ‘ထာဝရဘုရားနှင့် သိကျွမ်းခြင်းရှိလော့’ဟု သင်ကြားပေးစရာမလို။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူတိုင်း ငါ့ကို သိကျွမ်းကြလိမ့်မည်။ သူတို့၏ဒုစရိုက်များကို ခွင့်လွှတ်မည်။ သူတို့၏အပြစ်များကို အောက်မေ့တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။