ဟေရှာယ 43:19 - မြန်မာ့စံမီသမ္မာကျမ်း19 ကြည့်ရှုလော့။ အသစ်သောအရာကို ငါပြုမည်။ ယခု ထိုအရာ ဖြစ်လာပြီ။ သင်တို့ မသိကြသလော။ အကယ်စင်စစ် တောကန္တာရ၌ လမ်းကိုလည်းကောင်း၊ သဲကန္တာရ၌ မြစ်တို့ကိုလည်းကောင်း ငါဖြစ်စေမည်။ Ver CapítuloCommon Language Bible19 ငါပြုမည့်အမှုအရာသစ်ကိုစောင့်မျှော် ကြည့်ရှုကြလော့။ ထိုအမှုအရာသည်ဖြစ်ပျက်ဆဲပင်ရှိသဖြင့် ယင်းကို ယခုသင်တို့တွေ့မြင်နိုင်ကြပါသည်တကား။ ငါသည်တောကန္တာရကိုဖြတ်၍လမ်းပေါက်စေ ပြီးလျှင်၊ သင်တို့အားစမ်းရေကိုပေးတော်မူမည်။ Ver CapítuloGarrad Bible19 ငါ သည် အ မှု သစ် ကို စီ ရင် ပြီ တ ကား။ ယ ခု ပင် ပေါ် ပေါက် တော့ မည်။ မ သိ မ မှတ် ကြ လော။ သဲ တော၌ လမ်း ကိုလည်း ကောင်း၊ ဆိတ် ညံ ရာ အ ရပ်၌ မြစ် များ ကိုလည်း ကောင်း၊ ငါ စီ မံ၏။ Ver CapítuloJudson Bible19 ကြည့်ရှုလော့။ အမှုသစ်ကိုငါပြုမည်။ ယခုပေါ်လာလိမ့်မည်။ သင်တို့သည် အမှန် သိမြင်ရကြလိမ့်မည်။ အကယ်စင်စစ် တော၌ လမ်းကိုလည်းကောင်း၊ လွင်ပြင်၌ စီးသောရေကိုလည်းကောင်း ငါဖန်ဆင်းမည်။ Ver Capítulo |
အကယ်စင်စစ် ထာဝရဘုရားသည် ဇိအုန်မြို့ကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏ပြိုပျက်ရာကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏တောကန္တာရအရပ်ကို ဧဒင်အရပ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၏သဲကန္တာရကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၌ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ သီချင်းသီဆိုခြင်းရှိမည်။