ဟေရှာယ 41:29 - မြန်မာ့စံမီသမ္မာကျမ်း29 သူတို့အားလုံးသည် အနတ္တသက်သက်၊ သူတို့ပြုသောအမှုတို့သည် အချည်းနှီးသက်သက်၊ သူတို့သွန်းလုပ်သောရုပ်တုတို့သည် အလဟဿ၊ အချည်းနှီးဖြစ်၏။ Ver CapítuloCommon Language Bible29 ထိုဘုရားအားလုံးပင်လျှင်အရာမဝင်။ သူတို့သည်အဘယ်အမှုကိုမျှမပြုနိုင်။ သူတို့၏ရုပ်တုများသည်လည်းချည့်နဲ့၍ တန်ခိုးမရှိကြ။'' Ver CapítuloGarrad Bible29 ရှိ သ မျှ တို့ အ ချည်း နှီး၊ အ မှု များ အ လ ဟဿ ဖြစ် သည့် ပြင်၊ ချင်း တို့ ရုပ် ပွား ဆင်း တု များ လည်း၊ လေ သက် သက်၊ လ ဟာ သက် သက် ဖြစ် ကြ ကုန်၏။ Ver CapítuloJudson Bible29 သူတို့သည် အကြွင်းမဲ့ အနတ္တဖြစ်ကြ၏။ သူတို့အမှုများလည်း၊ အဘယ်မျှမဟုတ်။ သူတို့သွန်းသော ရုပ်တုတို့လည်း အတ္တမရှိ၊ လေသက်သက် ဖြစ်ကြ၏။ Ver Capítulo |
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
အကယ်စင်စစ် တေရပ်ရုပ်တုတို့သည် လှည့်စားသောစကားကိုဆို၏။ ဂမ္ဘီရပညာရှင်တို့လည်း မဟုတ်မမှန်သောနိမိတ်ကို မြင်ကြ၏။ အလိမ်အညာအိပ်မက်များကို မြင်မက်ပြီး အချည်းနှီးနှစ်သိမ့်ပေးတတ်၏။ ထို့ကြောင့် လူတို့သည် သိုးစုကဲ့သို့ လှည့်လည်သွားလာရကြ၏။ သိုးထိန်းမရှိသဖြင့် အနှိပ်စက်ခံရကြ၏။