ဟေရှာယ 41:17 - မြန်မာ့စံမီသမ္မာကျမ်း17 ဆင်းရဲနွမ်းပါးသောသူတို့သည် ရေကိုရှာကြ၏။ ရေမရှိသောကြောင့် သူတို့သည် ရေငတ်၍ အာခေါင်ခြောက်ကပ်သောအခါ ငါထာဝရဘုရားသည် သူတို့ကိုထူးမည်။ အစ္စရေးလူမျိုး၏ဘုရားသခင် ငါသည် သူတို့ကို စွန့်ပစ်မည်မဟုတ်။ Ver CapítuloCommon Language Bible17 ငါ၏လူမျိုးတော်သည်ရေကိုလို၍ ရှာသောအခါ၌လည်းကောင်း၊ သူတို့သည်ရေငတ်သဖြင့်လည်ချောင်း ခြောက်သည့်အခါ၌လည်းကောင်း ငါထာဝရဘုရားသည်သူတို့၏ဆုတောင်း ပတ္ထနာကို နားညောင်းတော်မူမည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင် တည်းဟူသောငါသည်သူတို့အားအဘယ် အခါ၌မျှ စွန့်ပစ်လိမ့်မည်မဟုတ်။ Ver CapítuloGarrad Bible17 ဆင်း ရဲ နွမ်း ပါး သူ တို့ သည် ရေ ငတ် သ ဖြင့်၊ လျှာ သွေ့ ခြောက် သည် နှင့် ရေ ရှာ၍ မ တွေ့ သော သော အ ခါ၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ဖြစ် သော ငါ သည် စွန့် ပယ် မည် မ ဟုတ်။ Ver CapítuloJudson Bible17 ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့သည် ရေကိုရှာ၍ မတွေ့၊ ရေငတ်၍ လျှာသွေ့ခြောက်သောအခါ၊ ငါထာဝရဘုရားသည် သူတို့စကားကို နားထောင်မည်။ ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကိုမစွန့်။ Ver Capítulo |
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။