ဟေရှာယ 40:24 - မြန်မာ့စံမီသမ္မာကျမ်း24 သူတို့သည် စိုက်ခါစပျိုးပင်၊ ကြဲခါစမျိုးစေ့၊ မြေကြီးထဲ၌အမြစ်စွဲခါစအပင်ပေါက်ကဲ့သို့ဖြစ်၍ သူတို့ကို မှုတ်တော်မူသဖြင့် သူတို့သည် ခြောက်သွေ့သွားမည်။ ဖွဲကဲ့သို့ လေပွေတိုက်ရာ လွင့်ပါသွားမည်။ Ver CapítuloCommon Language Bible24 သူတို့သည်စိုက်ပျိုး၍အမြစ်စွဲကာစ အပင်ငယ်များနှင့်တူကြ၏။ ထာဝရဘုရားသည်လေကိုတိုက်စေတော်မူ သောအခါ၊ ထိုအပင်တို့သည်ခြောက်သွေ့၍ဖွဲသဖွယ် လွင့်ပါသွားကုန်၏။ Ver CapítuloGarrad Bible24 စိုက် ပျိုး ခွင့်၊ ကြဲ ပက် ခွင့်၊ မြေ၌ အ ငုတ် အ မြစ် စွဲ ခွင့် မ ရ ကြ မီ ပင်၊ ဝါ ယော တော် ဖြင့် ညှိုး နွမ်း ခြင်း၊ ဖွဲ ကဲ့ သို့ လေ ပြင်း တိုက် သွား ခြင်း များ ကို၊ ၎င်း တို့ ခံ ရ ကြ ရှာ လေ စွ။ Ver CapítuloJudson Bible24 အကယ်စင်စစ် သူတို့ကို မစိုက်မပျိုးရ။ အကယ်စင်စစ် သူတို့၏မျိုးစေ့ကို မကြဲရ။ အကယ်စင်စစ် သူတို့အပင်သည် မြေ၌ အမြစ်မစွဲရ။ သူတို့အပေါ်မှာ မှုတ်တော်မူသဖြင့်၊ သူတို့သည် ညှိုးနွမ်းသွေ့ခြောက်၍၊ လေပွေသည် သူတို့ကို ဖွဲကဲ့သို့ တိုက်လွှင့်လိမ့်မည်။ Ver Capítulo |
ဖြောင့်မတ်သောသူကို အရှေ့အရပ်မှ ပေါ်ထွန်းစေသောသူကား မည်သူနည်း။ သူ့ထံ လူမျိုးတကာတို့ကို အပ်နှံသောသူ၊ သူ့အား ရှင်ဘုရင်တို့ကို အုပ်စိုးရသောအခွင့် ပေးသောသူကား မည်သူနည်း။ ထိုသူတို့ကို သူ၏ဓားဖြင့် မြေမှုန့်ကဲ့သို့ဖြစ်စေ၍ သူ၏လေးဖြင့် ဖွဲကဲ့သို့လွင့်စေသောသူကား မည်သူနည်း။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့သည် များများရမည်ဟုမျှော်လင့်သော်လည်း နည်းနည်းသာ ရ၏။ သင်တို့အိမ်သို့ယူဆောင်လာသောအရာကို ငါမှုတ်ထုတ်ပစ်လိုက်၏။ အဘယ်ကြောင့်နည်းဟူမူကား ငါ့အိမ်တော်မှာပျက်စီးယိုယွင်းလျက်နှင့် သင်တို့အသီးသီးသည် ကိုယ့်အိမ်ဖို့သာ အလုပ်များနေကြသောကြောင့်ဖြစ်၏’ဟု မိန့်တော်မူ၏။