ဟေရှာယ 40:15 - မြန်မာ့စံမီသမ္မာကျမ်း15 လူမျိုးတို့ကို ရေပုံးထဲမှရေတစ်စက်ကဲ့သို့၊ ချိန်ခွင်ပေါ်မှ ဖုန်မှုန့်ကဲ့သို့ ထင်မှတ်၍ ကျွန်းတို့ကို မြူမှုန်ကဲ့သို့ ကိုင်တော်မူ၏။ Ver CapítuloCommon Language Bible15 ထာဝရဘုရား၏ရှေ့တော်၌လူမျိုးတကာ တို့သည် ဘာမျှမဟုတ်ပါ။ သူတို့သည်ရေစက်တစ်စက်ကဲ့သို့သာ ဖြစ်ပေသည်။ ရပ်ဝေးရှိကျွန်းတို့သည်လည်းမြူမှုန်တမျှ သာလျှင် အလေးချိန်စီးကြ၏။ Ver CapítuloGarrad Bible15 လူ အ မျိုး မျိုး ကို ရေ ပုံး မှ ကျ သော အ စက် ကဲ့ သို့လည်း ကောင်း၊ ရာ ဆူ၌ ကပ် သော မြူ ကဲ့ သို့လည်း ကောင်း၊ မှတ်၍ ကျွန်း ကြီး ကျွန်း ငယ် များ ကို အ ဏု မြူ ကဲ့ သို့ မြှောက် လွင့် တော် မူ၏။ Ver CapítuloJudson Bible15 လူအမျိုးမျိုးတို့သည် ရေပုံးမှ ကျသော ရေစက်ကဲ့သို့ ဖြစ်၍၊ ချိန်ခွင်၌ မြူမှုန်ကဲ့သို့ ထင်မှတ်စရာရှိ၏။ ကျွန်းတို့သည်လည်း၊ လွင့်တတ်သော အဏုမြူကဲ့သို့ ဖြစ်ကြ၏။ Ver Capítulo |
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။
သင်သည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရမည်။ နွားကဲ့သို့ မြက်ကိုစားရမည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သင်သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရမည်”ဟု ကောင်းကင်မှ အသံတော်ရောက်လာ၏။