Biblia Todo Logo
La Biblia Online
- Anuncios -




ဟေ​ရှာ​ယ 40:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ရေ​ကို လက်ခုပ်​ဖြင့် ခြင်တွယ်​သော​သူ​၊ ကောင်းကင်​ကို လက်​ဖြင့်​တိုင်းထွာ​သော​သူ​၊ မြေမှုန့်​ကို ခြင်တောင်း​ဖြင့်​ချင့်​သော​သူ​၊ တောင်ကြီး​ကို ကတ္တား​ဖြင့်​လည်းကောင်း​၊ တောင်ငယ်​ကို ချိန်ခွင်​ဖြင့်​လည်းကောင်း ချိန်တွယ်​သော​သူ​ကား မည်သူ​နည်း​။

Ver Capítulo Copiar

Common Language Bible

12 သ​မုဒ္ဒ​ရာ​ရေ​ကို​လက်​ခုပ်​ဖြင့်​ချင်​တွယ်​နိုင်​သူ၊ သို့​တည်း​မ​ဟုတ်၊မိုး​ကောင်း​ကင်​ကို​လက်​နှင့်​ထွာ​၍ တိုင်း​တာ​နိုင်​သူ​ရှိ​ပါ​သ​လော။ မြေ​ဆီ​လွှာ​ရှိ​သ​မျှ​ကို​ခွက်​ဖ​လား​တွင်​ထည့် ထား​နိုင်​သူ၊ သို့​တည်း​မ​ဟုတ်​တောင်​ကြီး​တောင်​ငယ်​တို့​ကို ချိန်​ခွင်​နှင့်​ချိန်​စက်​နိုင်​သူ​ရှိ​ပါ​သ​လော။

Ver Capítulo Copiar

Garrad Bible

12 သ မု ဒ္ဒ ရာ ကို လက် ဆွန်း ဖြင့် ခြင် ခြင်း၊ မိုး ပြင် ကို လက် သန်း ထွာ ဖြင့် တိုင်း ခြင်း၊ မြေ မုန့် ကို တင်း ဖြင့် ခြင် ခြင်း များ ပြု သည့် ပြင်၊ တောင် များ ကို ရာ ဆူ နှင့်လည်း‌ ကောင်း၊ ကုန်း များ ကို ချိန် ခွင် နှင့်လည်း‌ ကောင်း၊ ချိန် စက် သော သူ ကား မည် သူ နည်း။

Ver Capítulo Copiar

Judson Bible

12 ရေ​များ​ကို လက်​ဆွန်း​ဖြင့် ခြင်​သော​သူ၊ မိုး​ကောင်း​ကင်​ကို မိ​မိ​လက်​ဖြင့် ထွာ​သော​သူ၊ မြေ​မှုန့်​ကို တင်း​တောင်း​ဖြင့် ချင့်​တွက်​သော​သူ၊ တောင်​ကြီး​ကို ချိန်​ခွင်​ဖြင့်​လည်း​ကောင်း၊ တောင်​ငယ်​ကို ကပ်​ပယ်​ဖြင့်​လည်း​ကောင်း ချိန်​သော​သူ​ကား အ​ဘယ်​သူ​နည်း။

Ver Capítulo Copiar




ဟေ​ရှာ​ယ 40:12
12 Referencias Cruzadas  

လေ​ကို အားပြင်း​စေ​တော်မူ​၏​။ ရေ​ကို ချိန်ဆ​သတ်မှတ်​တော်မူ​၏​။


မည်သူ​သည် ကောင်းကင်​သို့​တက်​ပြီး ပြန်ဆင်းလာ​သနည်း​။ မည်သူ​သည် လေ​ကို မိမိ​လက်ခုပ်​ထဲ ထည့်​ထား​သနည်း​။ မည်သူ​သည် ရေ​ကို မိမိ​၏​အဝတ်​ဖြင့် ထုပ်​ထား​သနည်း​။ မည်သူ​သည် ကမ္ဘာမြေ​အစွန်း​ရှိသမျှ​ကို တည်​ထား​သနည်း​။ ထို​သူ​၏​အမည်​ကား မည်သို့နည်း​။ သူ့​သား​၏​အမည်​ကား မည်သို့နည်း​။ သင်​သိ​သလော​။


အကယ်စင်စစ် ငါ့​လက်​ဖြင့် မြေကြီး​ကို​တည်​၏​။ ငါ့​လက်ယာ​လက်​ဖြင့် မိုးကောင်းကင်​ကို ကြက်​၏​။ ၎င်း​တို့​ကို ငါ​မိန့်​တော်မူ​လျှင် အတူတကွ​ပေါ်လာ​ကြ​၏​။


ထာဝရဘုရား​က “​သူ​တို့​သည် အထက်​မိုးကောင်းကင်​ကို တိုင်းတာ​နိုင်​၍ အောက်​မြေကြီး​၏​အုတ်မြစ်​ကို စူးစမ်း​နိုင်​မှသာ အစ္စရေး​တစ်မျိုးနွယ်လုံး​ပြု​ခဲ့​သော​အပြစ်​ကြောင့် သူ​တို့​ကို ငါ​စွန့်ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။


ကြည့်ရှု​လော့​။ တောင်​တို့​ကို ပုံဖော်​၍ လေ​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​၊ လူ​၏​အတွေး​ကို လူ​အား သိမြင်​စေ​သော​အရှင်​၊ အရုဏ်ဦး​ကို အမှောင်​ကျ​စေ​ပြီး မြေကြီး​ပေါ်ရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို နင်းနယ်​တော်မူ​သော​အရှင်​၏​နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​ဟူ၍​ဖြစ်​၏​။


ထို့နောက် ဖြူ​သော​ပလ္လင်​ကြီး​နှင့် ထို​ပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​ကို ငါ​မြင်​ရ​၏။ ကောင်းကင်​နှင့်​မြေကြီး​သည် ထို​အရှင်​၏​မျက်မှောက်​မှ ပျောက်လွင့်​သွား​၍ ၎င်း​တို့​အတွက်​နေရာ​မ​ရှိ​တော့​ပေ။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos