Biblia Todo Logo
La Biblia Online
- Anuncios -




ဟေ​ရှာ​ယ 36:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ယခု ငါ​၏​သခင်​အဆီးရီးယား​ဘုရင်​နှင့် လာ​၍​ညှိနှိုင်း​လော့​။ သင်​၌ မြင်းစီးသူရဲ အလုံအလောက်​ရှိ​လျှင် သင့်​ကို မြင်း​အကောင်​နှစ်ထောင် ငါ​ပေး​မည်​။

Ver Capítulo Copiar

Common Language Bible

8 ငါ​သည်​ဘု​ရင်​ဧ​က​ရာဇ်​၏​နာ​မ​တော်​ကို တိုင်​တည်​၍ သင်​တို့​နှင့်​အ​လောင်း​အ​စား​ပြု မည်။ သင်​တို့​သည်​မြင်း​စီး​သူ​ရဲ​နှစ်​ထောင်​ရ ရှိ​အောင်​ရှာ​နိုင်​မည်​ဆို​လျှင် သင်​တို့​အား မြင်း​ကောင်​ရေ​နှစ်​ထောင်​ကို​ငါ​ပေး​မည်။-

Ver Capítulo Copiar

Garrad Bible

8 သို့ ဖြစ် ၍ ကျွန်ုပ် သ ခင် အာ ရှု ရိ ဘု ရင် နှင့် လောင်း ကြေး စပ် ပါ လော့။ သင်၌ မြင်း စီး သူ ရဲ လုံ လောက် လျှင်၊ မြင်း နှစ် ထောင် ပေး ပါ မည်။

Ver Capítulo Copiar

Judson Bible

8 သို့​ဖြစ်၍၊ ယ​ခု​တွင် ငါ့​သ​ခင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်၌ အာ​မ​ခံ​တို့​ကို​အပ်​ပါ​လော့။ သင်၌ မြင်း​စီး​သူ​ရဲ​လုံ​လောက်​အောင်​ရှိ​လျှင်၊ မြင်း​နှစ်​ထောင်​တို့​ကို ငါ​ပေး​မည်။

Ver Capítulo Copiar




ဟေ​ရှာ​ယ 36:8
13 Referencias Cruzadas  

ထိုအခါ ဗင်္ဟာဒဒ်​မင်းကြီး​သည် လူ​လွှတ်​ပြန်​၍ “​ရှမာရိ​မြေမှုန့်​သည် ငါ့​ခြေရင်း​၌​ခစား​သော​သူ​အားလုံး​အတွက် လက်တစ်ဆုပ်စာစီ​လောက်ငှ​မည်​ဆိုလျှင် ဘုရား​အများ​တို့​သည် ငါ့​ကို ထိုထက်မက ပြု​ပါစေသော​”​ဟု မှာလိုက်​၏​။


ထိုအခါ ဗင်္ဟာဒဒ်​မင်းကြီး​က “​ငြိမ်းချမ်းရေး​အတွက် လာ​သည်​ဖြစ်စေ​၊ စစ်တိုက်​ဖို့​အတွက် လာ​သည်​ဖြစ်စေ သူ​တို့​ကို အရှင်​ဖမ်းဆီး​ထား​ကြ​”​ဟု အမိန့်ပေး​၏​။


ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​၌ တွေ့​သမျှ​သော ရွှေ​ငွေ​အားလုံး​၊ အသုံးအဆောင်​အားလုံး​ကို သိမ်းယူ​၍ ဓားစာခံ​များ​ကို​လည်း ဖမ်းဆီး​ပြီး ရှမာရိ​မြို့​သို့ ပြန်သွား​လေ​၏​။


ဟေဇကိ​မင်းကြီး​နန်းစံ​တစ်ဆယ့်​လေး​နှစ်​တွင် အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​သည် ယုဒ​ပြည်​၏​ခံတပ်​မြို့​အားလုံး​ကို တိုက်ခိုက်​သိမ်းပိုက်​လေ​၏​။


ယခု ငါ​၏​သခင်​အဆီးရီးယား​ဘုရင်​နှင့် လာ​၍​ညှိနှိုင်း​လော့​။ သင်​၌ မြင်းစီးသူရဲ အလုံအလောက်​ရှိ​လျှင် သင့်​ကို မြင်း​အကောင်​နှစ်ထောင် ငါ​ပေး​မည်​။


အဆီးရီးယား​ဘုရင်​သည် ရာဗရှာခ​ကို စစ်သည်​အလုံးအရင်း​နှင့်တကွ လာခိရှ​မြို့​မှ ဂျေရုဆလင်​မြို့​ရှိ​ဟေဇကိ​မင်းကြီး​ထံသို့ စေလွှတ်​လေ​၏​။ ရာဗရှာခ​သည် ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​နားတွင် တပ်ချ​လေ​၏​။


သင်​တို့​က ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ငါ​တို့​ယုံကြည်ကိုးစား​သည်​ဟု ဆို​လျှင်​လည်း ဟေဇကိ​မင်းကြီး​က ထို​ဘုရား​နှင့်ဆိုင်သော အထွတ်အမြတ်​ထား​ရာ​နေရာ​နှင့် ယဇ်ပလ္လင်​တို့​ကို​ပင် ဖယ်ရှား​လိုက်​ပြီး ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အား ဂျေရုဆလင်​မြို့​ရှိ ဤ​ယဇ်ပလ္လင်​ရှေ့​၌​သာ သင်​တို့​ကိုးကွယ်​ရ​မည်​ဟူ၍ မိန့်မှာ​ခဲ့​သည် မ​ဟုတ်​လော’​ဟု မိန့်ဆို​ပြီ​။


စစ်ရထား​၊ မြင်းစီးသူရဲ​တို့​ရရှိ​ဖို့ အီဂျစ်​ပြည်​ကို ကိုးစား​သော သင်​က ငါ့​သခင်​၏​မင်းမှုထမ်း​များ​ထဲမှ အနိမ့်ဆုံး​အရာရှိ​တစ်​ယောက်​ကို​ပင် ရင်ဆိုင်​တွန်းလှန်​နိုင်​မည်လော​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos