ဟေရှာယ 33:24 - မြန်မာ့စံမီသမ္မာကျမ်း24 မြို့သူမြို့သားတစ်ဦးမျှ “ငါဖျားနာ၏”ဟု ပြောမည်မဟုတ်။ ထိုမြို့၌ နေထိုင်သောလူတို့သည် အပြစ်လွတ်ခွင့်ရကြလိမ့်မည်။ Ver CapítuloCommon Language Bible24 ငါတို့ပြည်တွင်နေထိုင်ကြသူအပေါင်းတို့ သည်ဖျားနာပါသည်ဟူ၍ အဘယ်အခါ၌ မျှညည်းညူရကြလိမ့်မည်မဟုတ်။ အပြစ် ရှိသမျှမှလည်းဖြေလွှတ်ကြလိမ့်မည်။ Ver CapítuloGarrad Bible24 မြို့ သူ မြို့ သား တို့ က၊ ငါ နာ သည် ဟု ဆို ရန် အ ကြောင်း မ ရှိ။ နေ ထိုင် သူ တို့ လည်း အ ပြစ် လွတ် ခွင့် ရ ကြ လိမ့် သ တည်း။ Ver CapítuloJudson Bible24 မြို့သားကလည်း၊ ငါနာသည်ဟု မဆိုရ။ ထိုမြို့၌နေသော သူတို့သည် အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြလိမ့်မည်။ Ver Capítulo |
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် သူတို့၏မျက်စိမှမျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်။ သေခြင်းသည် ရှိတော့မည်မဟုတ်။ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ်ငိုကြွေးခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့သည်လည်း ရှိတော့မည်မဟုတ်။ အကြောင်းမူကား ယခင်ဖြစ်ခဲ့သောအရာတို့သည် ပျောက်ကွယ်သွားကြပြီ”ဟု ဆိုသည်ကို ငါကြားရ၏။