ဟေရှာယ 30:10 - မြန်မာ့စံမီသမ္မာကျမ်း10 သူတို့က စိတ်အာရုံမြင်ရသူတို့အား “စိတ်အာရုံ မမြင်ကြနှင့်”ဟု ဆိုတတ်ကြ၏။ ဗျာဒိတ်ရသူတို့အားလည်း “ငါတို့အား မှန်သောအရာများကို မဟောကြနှင့်။ မြှောက်ပင့်သောစကားများကို ပြောကြပါ။ လှည့်စားသောစကားများကို ဟောကြပါ။ Ver CapítuloCommon Language Bible10 ပရောဖက်များကိုလည်းဆိတ်ဆိတ်နေရန် ပြောဆိုကြ၏။ သူတို့က``ငါတို့အားအမှန် တရားကိုမပြောကြနှင့်။ ငါတို့ကြားလို သောစကားကိုပြောကြလော့။ ငါတို့အား မိမိတို့၏လွဲမှားသောအထင်အမြင် အယူအဆများနှင့်ပင်ရှိနေစေကြ လော့။- Ver CapítuloGarrad Bible10 ဗျာ ဒိတ် ခံ သော သူ တို့ အား၊ မ ခံ ပါ နှင့် ဟူ၍ လည်း ကောင်း၊ အ မြော် အ မြင် ဆ ရာ တို့ အား၊ မှန် ရာ ကို မ မြော် မြင် ဘဲ မြှောက် ပင့် ဟော ပြော ၍၊ တံ လျှပ် များ ကို သာ မြော် မြင် ကြ ပါ လော့။ Ver CapítuloJudson Bible10 သူတို့ကလည်း၊ ဗျာဒိတ်တော်ကို မခံပါနှင့်ဟု ဗျာဒိတ်ခံသော သူတို့အားလည်းကောင်း၊ မှန်သောစကားကို ငါတို့အား မဟောပါနှင့်။ ချော့မော့သောစကားကို ပြောကြပါ။ လှည့်စားသောစကားကို ဟောကြပါ။ Ver Capítulo |
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။