ဟေရှာယ 29:4 - မြန်မာ့စံမီသမ္မာကျမ်း4 သင်သည် နိမ့်ကျ၍ မြေကြီးထဲမှ စကားပြောလိမ့်မည်။ သင့်စကားသံသည် မြေမှုန့်ထဲမှ မပွင့်တပွင့်ထွက်ပေါ်လာမည်။ သင့်အသံသည် တစ္ဆေ၏အသံကဲ့သို့ မြေကြီးထဲမှ ထွက်ပေါ်လာမည်။ သင့်စကားသံသည် မြေမှုန့်ထဲမှ တိုးတိုးသာထွက်ပေါ်လာမည်။ Ver CapítuloCommon Language Bible4 ယေရုရှလင်မြို့သည်မြေသင်္ချိုင်းတွင်း၌ စကားပြောရန် ရုန်းကန်အားထုတ်လျက်နေ သည့်တစ္ဆေနှင့်တူလိမ့်မည်။ ထိုမြို့၏အသံ သည်လည်းဖုတ်တောထဲမှ မပီမသထွက် ပေါ်လာသောတိုးညှင်းသောအသံဖြစ် လိမ့်မည်။ Ver CapítuloGarrad Bible4 သင် သည် မြေ ထဲ မှ နိမ့် ကျ ပြော ဆို ခြင်း၊ မြေ မုန့် မှ ယုတ် ချ မြွက် ဆို ခြင်း၊ မြေ ထဲ မှ ပြိ တ္တာ သ ဖွယ် အ သံ ပေး ခြင်း၊ မြေ မုန့် မှ အာ သံ ထွက် ခြင်း များ ကို ပြု လိမ့် မည်။ Ver CapítuloJudson Bible4 သင်သည် နှိမ့်ချခြင်းကိုခံ၍ မြေထဲက ပြောရလိမ့်မည်။ မြေမှုန့်ထဲက ငယ်သောအသံနှင့် မြွက်ရလိမ့်မည်။ သင်ပြောသောအသံသည် နတ်ဝင်သူပြောသံကဲ့သို့ မြေထဲကထွက်၍၊ သင်သည် မြေမှုန့်ထဲက အသံသေးနှင့် တိုးတိုး မြွက်ဆိုရလိမ့်မည်။ Ver Capítulo |