ဟေရှာယ 29:19 - မြန်မာ့စံမီသမ္မာကျမ်း19 စိတ်နှိမ့်ချသောသူတို့သည် ထာဝရဘုရား၌ တစ်ဖန်ဝမ်းမြောက်ကြလိမ့်မည်။ လူတို့တွင် နွမ်းပါးသောလူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၌ ရွှင်လန်းကြလိမ့်မည်။ Ver CapítuloCommon Language Bible19 ဆင်းရဲသူများနှင့်နှိမ့်ချသောသူတို့သည် ဣသရေလအမျိုးသားတို့၏မြင့်မြတ် သောဘုရားသခင်ထာဝရဘုရားပေး တော်မူသော ရွှင်လန်းဝမ်းမြောက်မှုကိုတစ် ဖန်ပြန်၍ရရှိကြလိမ့်မည်။- Ver CapítuloGarrad Bible19 ဆင်း ရဲ သူ တို့ သည် ထာ ဝ ရ ဘု ရား ကြောင့် တိုး တက် သော ဝမ်း မြောက် ခွင့်၊ နွမ်း ပါး သူ တို့ သည် ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင့် ကြောင့် ရွှင် လန်း ခွင့် ရ ကြ လိမ့် မည်။ Ver CapítuloJudson Bible19 စိတ်နှိမ့်ချသောသူတို့သည် ထာဝရဘုရားကို အမှီပြု၍၊ ဝမ်းမြောက်ခြင်း တိုးပွားကြလိမ့်မည်။ လူတို့တွင် ဆင်းရဲသောသူတို့သည် ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို အမှီပြု၍ ရွှင်လန်းကြလိမ့်မည်။ Ver Capítulo |
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။