ဟေရှာယ 28:13 - မြန်မာ့စံမီသမ္မာကျမ်း13 ထို့ကြောင့် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူတို့၌ ပညတ်ချက်တစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ စည်းမျဉ်းတစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ သည်နည်းနည်းဟိုနည်းနည်း ဖြစ်လိမ့်မည်။ သူတို့သွားသောအခါ နောက်ပြန်လဲကျမည်၊ ကျိုးပဲ့မည်၊ ကျော့ကွင်းမိမည်၊ အဖမ်းခံရမည်။ Ver CapítuloCommon Language Bible13 သို့ဖြစ်၍ထာဝရဘုရားသည်သင်တို့အား ကျောင်းမှန်းကန်မှန်းသိအောင်လုံးစေ့ပတ်စေ့ တစ်ကြောင်းပြီးတစ်ကြောင်းတစ်ပိုဒ်ပြီးတစ် ပိုဒ် သွန်သင်တော်မူလိမ့်မည်။ ထိုအခါသင်တို့ သည်ခြေလှမ်းလိုက်တိုင်းလဲကျကြလိမ့်မည်။ သင်တို့သည်ထိခိုက်ဒဏ်ရာရလျက်ကျော့ ကွင်းတွင်မိကာအဖမ်းခံရကြလိမ့်မည်။ Ver CapítuloGarrad Bible13 သူ တို့ သွား လာ ရာ၊ ဆုတ် လဲ ကျိုး ပဲ့ ကျော့ ငြိ ဖမ်း မိ ခြင်း ကို ခံ ရ စေ ရန်၊ အ မှာ အ ထပ် ထပ်၊ အ ထား အ ထပ် ထပ်၊ အ မှာ အ ထပ် ထပ်၊ အ ထား အ ထပ် ထပ်၊ ဤ မှာ တ စိုး တ စိ၊ ဟို မှာ တ စိုး တ စိ ဖြင့် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သည်၊ သူ တို့၌ ရောက် လိမ့် မည်။ Ver CapítuloJudson Bible13 ထိုကြောင့်၊ သူတို့သည် သွားရာတွင်၊ လှန်ဆုတ်၍ ကျိုးပဲ့ကျော့မိ ဖမ်းဆီးခြင်းသို့ ရောက်မည်အကြောင်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူတို့၌ ပညတ်တစ်ခုပေါ်မှာ တစ်ခု၊ တစ်ခုပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာ တစ်နည်း၊ တစ်နည်းပေါ်မှာ တစ်နည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်။ Ver Capítulo |
သူသည် အခြားစာအားလုံးထဲတွင်လည်း ဤအကြောင်းအရာများနှင့်ပတ်သက်၍ ပြောထား၏။ ထိုစာများထဲတွင် နားလည်ရန်ခက်ခဲသောအရာအချို့ရှိ၏။ အသိပညာမဲ့၍ မတည်ကြည်သောသူတို့သည် အခြားသောကျမ်းများအပေါ်၌လည်းပြုသကဲ့သို့ ထိုစာ၏အနက်ကို လိုရာဆွဲ၍ မိမိတို့ကိုယ်ကို ပျက်စီးခြင်းသို့ရောက်စေကြ၏။