ဟေရှာယ 27:8 - မြန်မာ့စံမီသမ္မာကျမ်း8 ကိုယ်တော်သည် ပြည်နှင်ဒဏ်ပေးခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ ဒဏ်ခတ်တော်မူ၏။ အရှေ့လေလာသောနေ့ရက်၌ ပြင်းထန်သောလေဖြင့် သူ့ကိုတိုက်ထုတ်တော်မူ၏။ Ver CapítuloCommon Language Bible8 ထာဝရဘုရားသည်မိမိလူမျိုးတော်အား ပြည်နှင်ဒဏ်ပေး၍အပြစ်ဒဏ်ခတ်တော်မူ၏။ သူတို့သည်အရှေ့မှလာသောလေပြင်းမုန် တိုင်းတွင်လွင့်ပါသွားရဘိသကဲ့သို့ မိမိ တို့ပြည်မှထွက်ခွာသွားရကြလေသည်။- Ver CapítuloGarrad Bible8 အ ရှေ့ လေ ဆော် သည့် ကာ လ လေ ဟုန် ချီ လျက်၊ လူ မျိုး တော် ကို စွန့် ခွာ နှင် ထုတ် လွှတ် လိုက်၍ စီ ရင် တော် မူ ခြင်း ဖြင့်၊ Ver CapítuloJudson Bible8 သူ့ကိုစွန့်ပစ်၍ အတော်အတန် ဆုံးမတော်မူ၏။ အရှေ့လေ လာသောအခါ၊ ပြင်းစွာသောလေဖြင့် တိုက်သွားတော်မူ၏။ Ver Capítulo |
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့ခံနိုင်သည်ထက် ပိုလွန်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အားခံစေတော်မူလိမ့်မည်မဟုတ်။ ထို့ပြင် သင်တို့ခံနိုင်မည့်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းနှင့်တကွ ထွက်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူလိမ့်မည်။