ဟေရှာယ 27:12 - မြန်မာ့စံမီသမ္မာကျမ်း12 အို အစ္စရေးအမျိုးသားတို့၊ ထိုနေ့ရက်၌ ထာဝရဘုရားသည် ယူဖရေးတီးမြစ်လက်တက်မှ အီဂျစ်ပြည်စမ်းချောင်းတိုင်အောင် သင်တို့ကို တလင်းနယ်၍ တစ်ယောက်ပြီးတစ်ယောက် ကောက်သိမ်းတော်မူမည်။ Ver CapítuloCommon Language Bible12 ထိုကာလ၌ထာဝရဘုရားကိုယ်တော်တိုင် ဥဖရတ်မြစ်မှအီဂျစ်ပြည်နယ်စပ်အထိ မိမိလူတို့ကိုတစ်ယောက်ပြီးတစ်ယောက် ယူတော်မူ၍ဂျုံစပါးအကောင်းနှင့် အညံ့ ကိုစပါးနယ်လျက်ခွဲခြားသကဲ့သို့ခွဲ ခြားတော်မူမည်။ Ver CapítuloGarrad Bible12 အို ဣ သ ရေ လ အ မျိုး သား တို့၊ ထို ကာ လ ထာ ဝ ရ ဘု ရား သည်၊ မြစ် ကြီး ရေ အ လျဉ် နှင့် အိ ဂျစ် ချောင်း အ ကြား တွင်၊ အ သီး သ ဖွယ် ရိုက် ခါ ၍ သင် တို့ ကို တစ် ယောက် နောက် တစ် ယောက် ကောက် သိမ်း တော် မူ လိမ့် မည်။ Ver CapítuloJudson Bible12 အိုဣသရေလ အမျိုးသားတို့၊ ထိုကာလ၌လည်း၊ ထာဝရဘုရားသည် မြစ်ကြီးမှစ၍၊ အဲဂုတ္တုမြစ်တိုင်အောင် သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင်တို့သည် တစ်ယောက်နောက်တစ်ယောက်၊ ကောက်သိမ်းခြင်းကျေးဇူးတော်ကို ခံရကြလိမ့်မည်။ Ver Capítulo |
သို့သော် သင်တို့သည် ငါ့ထံပြန်လာ၍ ငါ့ပညတ်တို့ကို လိုက်နာစောင့်ထိန်းမည်ဆိုလျှင် မိုးကောင်းကင်အစွန်းသို့ နှင်ထုတ်ခြင်းခံရသော်လည်း ထိုအရပ်မှပြန်လည်စုစည်း၍ ငါ့နာမတည်စေရန် ငါရွေးချယ်ထားသောအရပ်သို့ ပြန်လည်ခေါ်ဆောင်လာမည်’ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်ကို သတိရတော်မူပါ။
ငါ့ကို အမိဝမ်းထဲကပင် မိမိ၏အစေအပါးအဖြစ် ပုံဖော်ဖန်ဆင်းတော်မူသော ထာဝရဘုရားက အစ္စရေးလူမျိုးတို့ အထံတော်၌စုဝေးကြမည့်အကြောင်း ယာကုပ်အမျိုးကို အထံတော်သို့ပြန်ခေါ်ဆောင်လာရန် မိန့်မှာတော်မူခဲ့၏။ ငါသည် ထာဝရဘုရား၏မျက်မှောက်တော်၌ ဂုဏ်ပြုချီးမွမ်းခြင်းခံရသူဖြစ်၏။ ဘုရားသခင်သည် ငါ၏ခွန်အားဖြစ်တော်မူ၏။