ဟေရှာယ 24:3 - မြန်မာ့စံမီသမ္မာကျမ်း3 ကမ္ဘာမြေကြီးသည် အမှန်ပင် ဟင်းလင်းပြင် ဖြစ်လိမ့်မည်။ အကုန်အစင်လုယူခံရမည်။ ဤစကားကို ထာဝရဘုရားမိန့်တော်မူပြီ။ Ver CapítuloCommon Language Bible3 ကမ္ဘာမြေကြီးသည်ကစင့်ကလျားဖြစ်လျက် ယိုယွင်းပျက်စီးနေလိမ့်မည်။ ဤကားထာဝရ ဘုရား၏အမိန့်တော်ဖြစ်သဖြင့်ဤနည်း အတိုင်းပင်ဖြစ်ပျက်ရမည်သာတည်း။ Ver CapítuloGarrad Bible3 မြေ ပ ထ ဝီ သည် လု ယက် ပျက် စီး ခြင်း ခံ ရ လျက်၊ လ ဟာ သက် သက် ဖြစ် လိမ့် မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း၊ Ver CapítuloJudson Bible3 တစ်ပြည်လုံး လွတ်လပ်၍ ရှင်းရှင်းပျက်စီးရလိမ့်မည် ဟူသောအရာကို ထာဝရဘုရား မိန့်တော်မူ၏။ Ver Capítulo |
အို အစ္စရေးတောင်တန်း၊ ဘုရားရှင်ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ တောင်ကုန်းတောင်တန်းများ၊ မြစ်ချောင်းချိုင့်ဝှမ်းများ၊ လူသူကင်းမဲ့သောမြို့ပျက်များ၊ ဝန်းကျင်ရှိ အခြားတိုင်းပြည်တို့၏လုယူဖျက်ဆီးခြင်း၊ အထင်အမြင်သေးခြင်းခံရသောမြို့များအား ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။
ထိုနေ့ရက်၌ လူတို့က သင်တို့ကို ပုံခိုင်း၍ ‘ငါတို့ လုံးလုံးပျက်စီးကြရပြီ။ ကိုယ်တော်သည် ငါ့လူမျိုးတို့၏အမွေမြေကို သူတစ်ပါးအား လွှဲပြောင်းပေးပြီ။ ငါ့ထံမှလည်း ရုပ်သိမ်းလိုက်ပြီ။ ငါတို့၏လယ်ယာကိုလည်း ရန်သူအား ပေးလိုက်လေပြီ’ဟူ၍ ခါးသီးစွာငိုကြွေးမြည်တမ်းကြလိမ့်မည်”ဟု မိန့်တော်မူ၏။
‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။