ဟေရှာယ 22:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထိုနေ့ရက်၌ ငိုကြွေးမြည်တမ်းကြရန်နှင့် ခေါင်းတုံးတုံးပြီး လျှော်တေအဝတ်ဝတ်ကြရန်အတွက် ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား နှိုးဆော်တော်မူ၏။ Ver CapítuloCommon Language Bible12 ထိုစဉ်အခါကအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် သင့်အားငိုကြွေး၍၊ ဝမ်းနည်းသည့် အမှတ်လက္ခဏာပြရန်နှင့်ခေါင်းတုံးရိတ်၍ လျှော်တေကိုဝတ်ရန်စေခိုင်းတော်မူခဲ့၏။- Ver CapítuloGarrad Bible12 ထို ကာ လ၊ ငို ကြွေး မြည် တမ်း ခြင်း၊ ဆံ ပယ် ခြင်း၊ လျှော် တေ ဝတ် ခြင်း များ ကို၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘုရား သ ခင် အ လို တော် ရှိ တော် မူ သော် လည်း၊ Ver CapítuloJudson Bible12 ထိုကာလ၌ ငိုကြွေးမြည်တမ်းခြင်း၊ ဆံပင်ကို ပယ်ဖြတ်ခြင်း၊ လျှော်တေအဝတ်ကို ဝတ်စည်းခြင်းအလိုငှာ၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် နှိုးဆော်တိုက်တွန်းတော်မူသော်လည်း၊ Ver Capítulo |
သူတို့က “အကျွန်ုပ်တို့ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ အကျွန်ုပ်တို့အစာရှောင်သည်ကို ကိုယ်တော်မြင်တော်မမူ။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် အဘယ်ကြောင့်နှိမ့်ချရမည်နည်း။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသည်ကို ကိုယ်တော်သိမှတ်တော်မမူ”ဟု ဆိုကြ၏။ အကယ်စင်စစ် သင်တို့သည် အစာရှောင်ရာနေ့၌ ကိုယ့်အလိုရှိရာကို ကိုယ်လုပ်ကြ၏။ အလုပ်သမားများကို အဓမ္မစေခိုင်းကြ၏။
အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းကြလော့။ ယဇ်ပလ္လင်၏အမှုထမ်းတို့၊ ညည်းတွားကြလော့။ ငါ၏ဘုရားသခင်အမှုတော်ကိုထမ်းဆောင်သောသူတို့၊ လာကြ။ တစ်ညလုံး လျှော်တေအဝတ်ကိုဝတ်အိပ်ကြလော့။ အကြောင်းမူကား သင်တို့ဘုရားသခင်၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ကုန်ခန်းလေပြီ။
ထာဝရဘုရား၏အမှုတော်ဆောင် ယဇ်ပုရောဟိတ်တို့သည် ဆင်ဝင်ပေါက်နှင့်ယဇ်ပလ္လင်ကြားတွင် ငိုကြွေးလျက် “အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်ကို သနားတော်မူပါ။ ကိုယ်တော်၏အမွေတော်ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာဖြစ်အောင် ပြုတော်မမူပါနှင့်။ လူမျိုးခြားတို့က ‘သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း’ဟူ၍ လူမျိုးတကာ၏အလယ်တွင် အဘယ်ကြောင့် ဆိုရပါမည်နည်း”ဟု လျှောက်ကြစေ။
ထို့ပြင် သင်တို့၏ပျော်ပွဲများကို ငိုပွဲများ ဖြစ်စေမည်။ သင်တို့၏သီချင်းများကို ငိုချင်း ဖြစ်စေမည်။ သင်တို့အားလုံးကို လျှော်တေဝတ်စေ၍ ခေါင်းတုံး ဖြစ်စေမည်။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းရသကဲ့သို့ ဖြစ်စေမည်။ နိဂုံးသည်လည်း ခါးသီးသောနေ့ရက် ဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။