ဟေရှာယ 21:12 - မြန်မာ့စံမီသမ္မာကျမ်း12 ကင်းစောင့်က “နံနက်ရောက်လာပါ၏။ ညလည်းရောက်လာပါ၏။ မေးမြန်းလိုလျှင် မေးမြန်းကြပါလော့။ ပြန်လာကြလော့။ ပြန်လာကြလော့”ဟု ပြန်ပြော၏။ Ver CapítuloCommon Language Bible12 ငါကလည်း``မိုးသောက်ယံရောက်တော့မည်၊ သို့ရာတွင်ညဥ့်ယံပြန်လည်ကျရောက်လာ လိမ့်မည်။ သင်ထပ်မံမေးမြန်းလိုလျှင်နောက် တစ်ဖန်လာ၍မေးမြန်းလော့'' ဟုဖြေကြား လိုက်၏။ Ver CapítuloGarrad Bible12 မြို့ စောင့် က၊ နံ နက် ရောက် လိမ့် မည်။ ညဉ့် လည်း ရောက် ဦး မည်။ မေး မြန်း လို လျှင်၊ ပြန် လာ၍ မေး မြန်း ကြ ဦး ဟု ဆို လေ၏။ Ver CapítuloJudson Bible12 ကင်းစောင့်ကလည်း၊ နံနက်သည် လာ၏။ ညလည်းလာ၏။ သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်းကြ။ ပြန်သွားကြ။ တစ်ဖန် လာကြဟု ဆိုလေ၏။ Ver Capítulo |
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။