Biblia Todo Logo
La Biblia Online
- Anuncios -




ဟေ​ရှာ​ယ 2:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ကိုယ်တော်​သည် လူမျိုးတကာ​တို့​ကို တရားစီရင်​၍ လူ​များစွာ​တို့​ကို ဆုံးမ​တော်မူ​မည်​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​၏​ဓား​များ​ကို ထယ်​များ​အဖြစ်​၊ မိမိ​တို့​၏​လှံ​များ​ကို တံစဉ်​များ​အဖြစ် ထုလုပ်​ကြ​လိမ့်မည်​။ လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး ဓား​ကို​မြှောက်​၍ တိုက်ခိုက်​တော့​မည်​မ​ဟုတ်​။ စစ်ရေး​လေ့ကျင့်​ခြင်း​လည်း ရှိ​တော့​မည်​မ​ဟုတ်​။

Ver Capítulo Copiar

Common Language Bible

4 ကိုယ်​တော်​သည်​လူ​မျိုး​ကြီး​တို့​အ​ငြင်း​ပွား မှု​ကို ပြေ​ငြိမ်း​စေ​တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​လည်း​မိ​မိ​တို့​၏​ဋ္ဌား​များ​ကို ထွန်​သွား​အ​ဖြစ်၊ မိ​မိ​တို့​လှံ​များ​ကို​တံ​စဉ်​အ​ဖြစ်​သို့ ပြောင်း​လဲ​ပြု​လုပ်​ကြ​လိမ့်​မည်။ လူ​မျိုး​အ​ပေါင်း​တို့​သည်​နောင်​ဘယ်​အ​ခါ​မျှ စစ်​တိုက်​ကြ​တော့​မည်​မဟုတ်။ နောက်​တစ်​ဖန်​စစ်​တိုက်​ရန်​လည်း​ပြင်​ဆင် ကြ​တော့​မည်​မ​ဟုတ်။

Ver Capítulo Copiar

Garrad Bible

4 ကိုယ် တော် သည် လူ အ မျိုး မျိုး တို့ စပ် ကြား၌ စီ ရင်၍ များ ပြား သော လူ မျိုး တို့ အ ပေါ် တွင် ဆုံး ဖြတ် တော် မူ သ ဖြင့်၊ သူ တို့ ဓား လက် နက် များ ကို ထွန် သွား၊ လှံ လက် နက် များ ကို တံ စဉ် ဖြစ် စေ ခြင်း ငှာ ထု လုပ်၍၊ တစ် မျိုး ကို တစ် မျိုး ထင် မံ ဓား ခုတ် ခြင်း၊ စစ် လေ့ ကျက် ခြင်း မ ရှိ ကြ ကုန်။

Ver Capítulo Copiar

Judson Bible

4 ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တို့​တွင်​တ​ရား​စီ​ရင်၍၊ များ​ပြား​သော​လူ​တို့​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ သူ​တို့ ဓား​လက်​နက်​များ​ကို ထွန်​သွား​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လှံ​များ​ကို တံ​စဉ်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ထု​လုပ်​ကြ​လိမ့်​မည်။ တစ်​ပြည်​ကို​တစ်​ပြည် စစ်​မ​တိုက်၊ စစ်​အ​တတ်​ကို​လည်း နောက်​တစ်​ဖန် မ​သင်​ရ​ကြ။

Ver Capítulo Copiar




ဟေ​ရှာ​ယ 2:4
26 Referencias Cruzadas  

တိုင်းနိုင်ငံ​တို့​ကို စစ်ကြောစီရင်​လျက် အလောင်း​နှင့်​ပြည့်နှက်​စေ​ကာ ကမ္ဘာမြေ​တစ်ဝန်းလုံး​ရှိ​ခေါင်းဆောင်​များ​ကို ချေမှုန်း​တော်မူ​လိမ့်မည်​။


“​ငြိမ်ဝပ်​စွာ​နေ​၍ ငါ​သည်​ဘုရားသခင်​ဖြစ်ကြောင်း သိမှတ်​ကြ​လော့​။ ငါ​သည် လူမျိုးတကာ​တို့​အလယ်​တွင် ချီးမြှောက်​ခြင်း​ရှိ​လိမ့်မည်​။ ကမ္ဘာမြေကြီး​ပေါ်တွင် ချီးမြှောက်​ခြင်း​ရှိ​လိမ့်မည်​။​”


ကိုယ်တော်​သည် ကမ္ဘာမြေကြီး​အစွန်း​တိုင်အောင် စစ်ပွဲ​တို့​ကို​အဆုံးသတ်​စေ​တော်မူ​၏​။ လေး​ကို​ချိုး​လျက် လှံ​ကို​အပိုင်းပိုင်း​ဖြတ်​ကာ စစ်ရထား​တို့​ကို မီး​ဖြင့်​ရှို့​တော်မူ​၏​။


အို ဘုရားသခင်​၊ ထ​၍ ကမ္ဘာမြေကြီး​ကို တရားစီရင်​တော်မူ​ပါ​။ အကြောင်းမူကား လူမျိုး​အပေါင်း​တို့​သည် ကိုယ်တော်​၏​အမွေ​တော် ဖြစ်​ပါ​၏​။


အကြောင်းမူကား ကိုယ်တော်​ကြွလာ​တော်မူ​၏​။ ကမ္ဘာမြေကြီး​ကို​တရားစီရင်​ရန် ကိုယ်တော်​ကြွလာ​တော်မူ​၏​။ ကိုယ်တော်​သည် ကမ္ဘာလောက​ကို ဖြောင့်မတ်​ခြင်း​ဖြင့်​လည်းကောင်း​၊ လူ​တို့​ကို မိမိ​၏​သစ္စာ​တော်​ဖြင့်​လည်းကောင်း တရားစီရင်​တော်မူ​လိမ့်မည်​။


ဖြောင့်မတ်​ခြင်း​၏​အကျိုး​သည် ငြိမ်သက်​ခြင်း​ဖြစ်​၏​။ ဖြောင့်မတ်​ခြင်း​၏​ရလဒ်​သည် ထာဝရ​ငြိမ်းချမ်း​ခြင်း​၊ ထာဝရ​လုံခြုံ​ခြင်း​ဖြစ်​၏​။


ငါ​၏​လူမျိုး​သည် ငြိမ်းချမ်း​သော​နေရာ​၊ လုံခြုံ​သော​အိမ်​၊ ငြိမ်းအေး​သော​ခိုနား​ရာ​၌ နေ​ရ​လိမ့်မည်​။


အကြောင်းမူကား ထာဝရဘုရား​သည် ငါ​တို့​၏ တရားသူကြီး​၊ ပညတ်တရား​ရှင်​၊ ရှင်ဘုရင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ငါ​တို့​ကို ကယ်တင်​တော်မူ​မည်​။


ဤ​သူ​ကား ငါ​ထောက်မ​သော ငါ့​အစေအပါး​၊ ငါ​ရွေးကောက်​သော​၊ ငါ​နှစ်သက်မြတ်နိုး​သော​သူ​ပင်တည်း​။ ငါ့​ဝိညာဉ်​ကို သူ့​အပေါ် တည်​စေ​ပြီ​။ သူ​သည် တရားမျှတမှု​ကို လူမျိုးတကာ​တို့​ထံသို့ ယူဆောင်​လာ​မည်​။


ကျိုးခါနီး​ကျူပင်​ကို မ​ချိုး​။ ငြိမ်းခါနီး​မီးစာ​ကို မ​ငြှိမ်းသတ်​။ တရားမျှတ​ခြင်း​အကြောင်း​ကို သစ္စာရှိ​စွာ ထုတ်ဖော်​မည်​။


စစ်မြေပြင်​၌​စီး​သော​စစ်သည်ဖိနပ်​၊ သွေး​လူး​သော​အဝတ်​ရှိသမျှ​တို့​သည် လောင်စာ​ဖြစ်​ရ​ကြ​လိမ့်မည်​။


သူ​၏​အာဏာစက်​သည် အစဉ်​တိုးပွား​၍ ငြိမ်သက်​ခြင်း​သည် အဆုံး​မ​ရှိ​။ ဒါဝိဒ်​၏​ရာဇပလ္လင်​ပေါ်တွင်​ထိုင်​၍ နိုင်ငံ​တော်​ကို ယခု​မှစ၍ နောင်ကာလ​အစဉ် တရားမျှတ​ခြင်း၊ ဖြောင့်မတ်​ခြင်း​တို့​ဖြင့် တည်တံ့​ခိုင်မြဲ​စေ​မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စိတ်အားထက်သန်​စွာ​ဖြင့် ဤ​အမှု​ကို ပြု​တော်မူ​လိမ့်မည်​။


ထို​နေ့ရက်​တွင် သူ​တို့​ကို တောရိုင်းတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​၊ မြေ​ပေါ်ရှိ​တွားသွားသောသတ္တဝါ​များ​နှင့် ပဋိညာဉ်​ဖွဲ့​စေ​မည်​။ လေး​၊ ဓား​၊ စစ်ပွဲ​တို့​ကို မြေ​ပေါ်မှ​ဖယ်ရှား​မည်​။ သူ​တို့​သည် ဘေးကင်းလုံခြုံ​စွာ​အိပ်စက်​ခွင့်​ရ​လိမ့်မည်​။


သင့်​ကို​သစ္စာရှိရှိ လက်ထပ်ယူ​မည်​။ သင်​သည်​လည်း ထာဝရဘုရား​ကို သိကျွမ်း​ရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ထယ်​များ​ကို ဓား​အဖြစ်​၊ တံစဉ်​များ​ကို လှံ​အဖြစ် ပြောင်းလဲ​ထုလုပ်​ကြ​။ အားနည်း​သူ​က​လည်း “ငါ​သည် ခွန်အားကြီး​သူ​ဖြစ်​၏”​ဟု ဆို​စေ​။


“လူမျိုးတကာ​တို့​သည် ထ​၍ ယောရှဖတ်​ချိုင့်ဝှမ်းလွင်ပြင်​သို့ လာ​ကြ​ပါစေ​။ ငါ​သည် ထို​နေရာ​တွင် ထိုင်​၍ အရပ်ရပ်​မှ​လူမျိုးတကာ​တို့​ကို စီရင်​မည်​။


ကိုယ်တော်​သည် လူမျိုး​များစွာ​တို့​ကို စီရင်​တော်မူ​မည်​။ ရပ်ဝေး​မှ​အားကြီး​သော​လူမျိုး​တို့​ကို ဆုံးမ​တော်မူ​မည်​။ သူ​တို့​သည် မိမိ​တို့​၏​ဓား​များ​ကို ထယ်​အဖြစ်​၊ လှံ​များ​ကို တံစဉ်​အဖြစ် ထုလုပ်​ကြ​လိမ့်မည်​။ လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး ဓား​နှင့် တိုက်ခိုက်​ကြ​တော့​မည်​မ​ဟုတ်​။ စစ်ရေး​လေ့ကျင့်​ခြင်း​လည်း ရှိ​တော့​မည်​မ​ဟုတ်​။


ဧဖရိမ်​ပြည်​၏​စစ်ရထား​၊ ဂျေရုဆလင်​မြို့​၏​မြင်း​တို့​ကို ငါ​ဖယ်ရှား​ပစ်​မည်​။ စစ်​လေးလက်နက်​တို့​သည်​လည်း ကျိုးပဲ့​ကုန်​လိမ့်မည်​။ ရှင်ဘုရင်​သည် လူမျိုးတကာ​တို့​ကို ငြိမ်းချမ်းရေး​သတင်းစကား​ပြောကြား​လိမ့်မည်​။ သူ​၏​အုပ်စိုးမှု​အာဏာစက်​သည် တစ်​ပင်လယ်​မှ တစ်​ပင်လယ်​တိုင်အောင်​လည်းကောင်း​၊ ယူဖရေးတီး​မြစ်​မှ မြေကြီး​စွန်း​တိုင်အောင်​လည်းကောင်း ရောက်​လိမ့်မည်​။


အကြောင်းမူကား ဘုရားသခင်​သည် မိမိ​ခန့်အပ်​ထား​သော​အရှင်​အားဖြင့် ကမ္ဘာ​လောက​အား ဖြောင့်မတ်​စွာ​တရား​စီရင်​မည့်​နေ့ရက်​ကို သတ်မှတ်​ထား​တော်မူ​ပြီး ထို​အရှင်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​ခြင်း​အားဖြင့် လူ​အပေါင်း​တို့​အား ခိုင်လုံ​သော​အထောက်အထား​ကို​ပေး​တော်မူ​၏”​ဟု ဆို​လေ​၏။


ထို့နောက် ငါ​ကြည့်​လိုက်​ရာ ကောင်းကင်​သည်​ပွင့်​လျက်​နေ​၍ မြင်း​ဖြူ​တစ်​ကောင်​ရှိ​၏။ ၎င်း​ပေါ်တွင်​ထိုင်​သော​သူ​ကား သစ္စာ​ရှိ​သော​သူ၊ ဖြောင့်မှန်​သော​သူ​ဟု ခေါ်ဝေါ်​ခြင်း​ခံရ​၏။ သူ​သည် ဖြောင့်မတ်​စွာ​တရား​စီရင်​၍ စစ်တိုက်​လေ​၏။


ထာဝရဘုရား​ကို ဆန့်ကျင်​ဖက်ပြိုင်​သော​သူ​တို့​သည် ကျိုးပဲ့ကြေမွ​ရ​လိမ့်မည်​။ ကိုယ်တော်​သည် သူ​တို့​အပေါ် ကောင်းကင်​မှ​မိုးကြိုး ကျ​စေ​တော်မူ​မည်​။ ထာဝရဘုရား​သည် မြေကြီး​စွန်း​တိုင်အောင် စစ်ကြောစီရင်​တော်မူ​မည်​။ မိမိ​ရှင်ဘုရင်​အား အစွမ်းသတ္တိ​ကို​ပေး​တော်မူ​မည်​။ မိမိ​ဘိသိက်ပေး​ထား​သော​သူ​၏​ဦးချို​ကို ချီးမြှောက်​တော်မူ​လိမ့်မည်​”​ဟု ချီးမွမ်း​ဆုတောင်း​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos