Biblia Todo Logo
La Biblia Online
- Anuncios -




ဟေ​ရှာ​ယ 2:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 နောက်ဆုံး​သော​ကာလ​၌ ထာဝရဘုရား​အိမ်​တော်​တည်​ရာ​တောင်​သည် တောင်​တို့​၏​အထွတ်အထိပ်​၌​တည်​၍ တောင်ကုန်း​တို့​အထက်​၌ ချီးမြှောက်​ခြင်း​ခံရ​လိမ့်မည်​။ လူမျိုး​အပေါင်း​တို့​သည်​လည်း ထို​တောင်​သို့ စုဝေး​လာ​ကြ​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

2 ဟေ​ရှာ​ယ​က နောင်​လာ​လတ္တံ့​သော​ကာ​လ​၌ ယ​ခု​ဗိ​မာန်​တော်​တည်​ရာ​တောင်​တော်​သည် တောင်​တ​ကာ​တို့​ကို​လွှမ်း​မိုး​၍ အ​မြင့်​ဆုံး​ဖြစ်​လိမ့်​မည်။ လူ​မျိုး​အပေါင်း​တို့​သည်​လည်း​ထို​တောင်​တော်​သို့ လာ​ရောက်​ကြ​လိမ့်​မည်။

Ver Capítulo Copiar

Garrad Bible

2 နောင် လာ လ တ္တံ့ သော ကာ လ တွင်၊ ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် တည် ရာ တောင် သည်၊ တောင် တ ကာ တို့ အ ထွဋ် ဖြစ် လျက်၊ ကုန်း တ ကာ တို့ ထက် ကြီး မြင့် သည့် အ တိုင်း၊ လူ မျိုး ခပ် သိမ်း တို့ တက် ကြ လိမ့် မည်။

Ver Capítulo Copiar

Judson Bible

2 နောက်​ဆုံး​သော​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တည် သော​တောင်​သည် တောင်​ကြီး​တောင်​ငယ်​တို့၏​ထိပ်​ပေါ်​မှာ ချီး​မြှောက်၍ တည်​လိမ့်​မည်။ ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် ထို​တောင်​သို့ စည်း​ဝေး​ကြ​လိမ့်​မည်။

Ver Capítulo Copiar




ဟေ​ရှာ​ယ 2:2
56 Referencias Cruzadas  

ထို့နောက် ယာကုပ်​သည် မိမိ​၏​သား​တို့​ကို​ခေါ်​၍ “​စုဝေး​ကြ​လော့​။ နောင်ကာလ​တွင် သင်​တို့​၌​ဖြစ်ပျက်​မည့်​အရာ​ကို သင်​တို့​အား ငါ​ပြောပြ​မည်​။


ငါ့​ကို ရွေးနုတ်​တော်မူ​မည့်​အရှင်​သည် အသက်ရှင်​တော်မူ​၍ နောက်ဆုံး​၌ မြေကြီး​ပေါ်တွင် ပေါ်ထွန်း​တော်မူ​မည်​ကို ငါ​သိ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​၏​ခွန်အား​ကို ဘဝ​လမ်းခရီး​ထဲ၌​ပင် လျော့နည်း​စေ​ပြီး အကျွန်ုပ်​၏​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်မူ​၏​။


ငါ့​ထံမှ​တောင်း​လော့​။ တောင်း​လျှင် တိုင်းနိုင်ငံ​တို့​ကို သင်​၏​အမွေ​အဖြစ် ငါ​ပေး​၍ ကမ္ဘာမြေ​အစွန်း​တိုင်အောင် သင်​၏​ပိုင်ဆိုင်​ရာ​ဖြစ်စေ​မည်​။


ကမ္ဘာမြေ​အစွန်း​ရှိသမျှ​တို့​သည် သတိရ​ကြ​၍ ထာဝရဘုရား​ထံသို့​ပြန်လှည့်​လာ​ကြ​လိမ့်မည်​။ တိုင်းနိုင်ငံ​များ​မှ​မျိုးနွယ်စု​အပေါင်း​တို့​သည် ရှေ့​တော်​၌ ပျပ်ဝပ်​ကြ​လိမ့်မည်​။


အကြောင်းမူကား ဘုရင့်​အရိုက်အရာ​သည် ထာဝရဘုရား​နှင့်​ဆိုင်​တော်မူ​၏​။ ကိုယ်တော်​သည် လူမျိုးတကာ​တို့​ကို​အုပ်စိုး​တော်မူ​၏​။


မြင့်မား​တင့်တယ်​၍ ကမ္ဘာမြေ​တစ်ခွင်လုံး​၏ ဝမ်းမြောက်စရာ​အကြောင်း​ဖြစ်​၏​။ မြောက်ဘက်​စွန်း​ရှိ​ဇိအုန်​တောင်​သည် ကြီးမြတ်​သော ရှင်ဘုရင်​၏​မြို့​တော်​ဖြစ်​၏​။


ဘုရားသခင်​၏​စစ်ရထား​တို့​သည် အထောင်​အသောင်း​မက​များပြား​ကြ​၏​။ ဘုရားရှင်​သည် သိနာ​တောင်​မှာ​ကဲ့သို့ သူ​တို့​နှင့်အတူ သန့်ရှင်းရာဌာန​တော်​၌ ရှိ​တော်မူ​၏​။


သူ​သည် ပင်လယ်​တစ်​ခု​မှ အခြား​ပင်လယ်​တစ်​ခု​တိုင်အောင်​လည်းကောင်း​၊ မြစ်​တစ်​စင်း​မှ ကမ္ဘာမြေ​အစွန်း​တိုင်အောင်​လည်းကောင်း အုပ်စိုး​ပါစေသော​။


အို ဘုရားရှင်​၊ ကိုယ်တော်​ဖန်ဆင်း​တော်မူ​သော လူမျိုး​အပေါင်း​တို့​သည် ရှေ့​တော်​သို့​လာ​၍ ပျပ်ဝပ်​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို​လည်း ဂုဏ်ပြုချီးမွမ်း​ကြ​ပါ​လိမ့်မည်​။


ကိုယ်တော်​ချထား​တော်မူ​သော အုတ်မြစ်​သည် သန့်ရှင်း​သော​တောင်​များ​ပေါ်၌​ရှိ​၏​။


ထာဝရဘုရား​သည် ယာကုပ်​အမျိုး​နေထိုင်​ရာ အရပ်​အားလုံး​တို့​ထက် ဇိအုန်​၏​မြို့​တံခါး​တို့​ကို ပို၍​နှစ်သက်​တော်မူ​၏​။


ထို​နေ့ရက်​၌ ယေရှဲ​၏​အမြစ်​သည် လူ​တို့​အတွက် အောင်လံ​သဖွယ်​ရပ်တည်​လိမ့်မည်​။ လူမျိုး​တို့​သည် သူ့​ကို မေးမြန်း​စူးစမ်း​ကြ​လိမ့်မည်​။ ကိန်းဝပ်​တော်မူ​ရာ​အရပ်​သည် ဘုန်းအသရေ​ရှိ​လိမ့်မည်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် လူ​အပေါင်း​တို့​အတွက် အကောင်းဆုံး​အစားအစာ​နှင့် နှစ်ချို့စပျစ်ဝိုင်​စားသောက်ပွဲ​ကို ဤ​တောင်​ပေါ်၌ ပြင်ဆင်​တော်မူ​မည်​။ ထို​စားသောက်ပွဲ​တွင် အဆီအနှစ်​နှင့်​ပြည့်​သော​အကောင်းဆုံး​အစားအစာ​များ​၊ သန့်စင်​ထား​သော​နှစ်ချို့စပျစ်ဝိုင်​များ​ဖြင့် တည်ခင်း​တော်မူ​မည်​။


ထို​နေ့ရက်​၌ တံပိုး​ကြီး​ကို​မှုတ်​လိမ့်မည်​။ အဆီးရီးယား​ပြည်​၌​ပျောက်ဆုံး​သော​သူ​၊ အီဂျစ်​ပြည်​သို့​နှင်ထုတ်​ခြင်း​ခံရ​သော​သူ​တို့​သည် ဂျေရုဆလင်​မြို့​၊ သန့်ရှင်း​သော​တောင်​ပေါ်သို့​လာ​၍ ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။


သင်​တို့​သည် သန့်ရှင်း​သော​ပွဲတော်​ကျင်းပ​သည့်​ည​၌​ကဲ့သို့ သီချင်းဆို​ရ​မည်​။ အစ္စရေး​လူမျိုး​တို့​၏​ကျောက်ဆောင်​ဖြစ်​သော ထာဝရဘုရား​၏​တောင်​သို့ ပလွေ​မှုတ်​လျက်​သွား​သော​သူ​ကဲ့သို့ စိတ်နှလုံး​ဝမ်းမြောက်​ခြင်း​ရှိ​မည်​။


ကိုယ်တော်​က “​ယာကုပ်​အမျိုး​ကို ပြန်လည်ထူထောင်​ရန်​၊ အသက်ရှင်​ကျန်ရစ်​သော​အစ္စရေး​လူမျိုး​တို့​ကို ပြန်ခေါ်ဆောင်​လာ​ရန် သင့်​ကို ငါ့​အစေအပါး​ဖြစ်စေ​ခြင်း​သည် အသေးအဖွဲ​မျှသာ​ဖြစ်​သေး​၏​။ မြေကြီး​စွန်း​တိုင်အောင် ငါ​၏​ကယ်တင်​ခြင်း​ရောက်ရှိ​စေရန် ငါ​သည် သင့်​ကို​လူမျိုးတကာ​တို့​အဖို့ အလင်း​ဖြစ်စေ​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။


သား​သမီး​တို့​ထက်​ပို၍​မြတ်​သော အမှတ်ရစရာ​နှင့်​နာမည်​ကို ငါ့​အိမ်​တော်​အတွင်း​၊ ငါ့​တံတိုင်း​တော်​အတွင်း​၌ ငါ​ပေး​မည်​။ ပယ်ဖျက်​၍​မ​ရ​သော​ထာဝရ​အမည်နာမ​ကို သူ​တို့​အား ငါ​ပေး​မည်​။


ငါ​၏​သန့်ရှင်း​သော​တောင်​ပေါ်သို့ ငါ​ဆောင်​ခဲ့​၍ ငါ​၏​ဆုတောင်း​ရာ​အိမ်​၌ သူ​တို့​ကို ငါ​ဝမ်းမြောက်​စေ​မည်​။ ငါ့​ယဇ်ပလ္လင်​ပေါ်မှာ​ပူဇော်​သော သူ​တို့​၏​မီးရှို့ရာယဇ်​များ​၊ ပူဇော်သက္ကာ​များ​ကို ငါ​လက်ခံ​မည်​။ ငါ့​အိမ်​တော်​ကို လူမျိုး​တကာ​တို့​၏​ဆုတောင်း​ရာ​အိမ်​ဟူ၍ ခေါ်ဝေါ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


လူမျိုးတကာ​တို့​သည် သင်​၏​အလင်း​သို့​လည်းကောင်း​၊ ရှင်ဘုရင်​တို့​သည် သင်​၌ ထွန်းလင်း​သော​ရောင်ခြည်​သို့​လည်းကောင်း လာ​ကြ​လိမ့်မည်​။


သို့သော် ထာဝရဘုရား​ကို​စွန့်ပယ်​သော​သူ​များ​၊ ငါ​၏​သန့်ရှင်း​သော​တောင်​ကို မေ့လျော့​သော​သူ​များ​၊ ဂါဒ​ဘုရား​ရှေ့ စားပွဲ​ခင်း​သော​သူ​များ​၊ မေနိ​ဘုရား​ရှေ့ ရောစပ်​ထား​သော​ဝိုင်​ကို ခွက်​ထဲသို့ ဖြည့်​ပေး​သော​သူ​များ​ဖြစ်​ကြ​သော သင်​တို့​အတွက်


အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ စင်ကြယ်​သော​တန်ဆာပလာ​ဖြင့် ပူဇော်သက္ကာ​ကို ယူဆောင်​ခဲ့​ကြ​သကဲ့သို့ ထို​သူ​တို့​သည် ခပ်သိမ်း​သော​ပြည်​မှ သင်​တို့​၏​ညီအစ်ကို​ရှိသမျှ​တို့​ကို ထာဝရဘုရား​ထံ ပူဇော်သက္ကာ​အဖြစ် မြင်း​များ​၊ စစ်ရထား​များ​၊ ထမ်းစင်​များ​၊ လား​များ​၊ ကုလားအုတ်​များ​ပေါ်တွင်​တင်​၍ ငါ​၏​သန့်ရှင်း​သော​တောင်​၊ ဂျေရုဆလင်​မြို့​သို့ ခေါ်ဆောင်​ခဲ့​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​လူသား​အပေါင်း​တို့​သည် လဆန်းနေ့​တိုင်း​၊ ဥပုသ်နေ့​တိုင်း ငါ့​ရှေ့မှောက်​တွင် လာရောက်​ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။


အို ထာဝရဘုရား ကိုယ်တော်​သည် အကျွန်ုပ်​၏​ခွန်အား​၊ အကျွန်ုပ်​၏​ရဲတိုက်​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ အကျွန်ုပ်​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​ပါ​၏​။ မြေကြီး​စွန်း​မှ လူမျိုးခြား​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “​အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့ ပိုင်ဆိုင်​သော​အရာ​သည် မုသား​သာ​ဖြစ်​၏​။ အချည်းနှီး​၊ အကျိုး​မ​ရှိ​သော​အရာ​သာ​ဖြစ်​၏​”​ဟု လျှောက်​ကြ​ပါ​လိမ့်မည်​။


ထာဝရဘုရား​သည် အကြံအစည်​တော် မ​ထမြောက်​မ​ချင်း​၊ မ​ပြီးမြောက်​မ​ချင်း အမျက်​တော်​ပြေ​လိမ့်မည်​မ​ဟုတ်​။ ဤ​အရာ​ကို နောက်ဆုံး​သော​ကာလ​၌ သင်​တို့ ရှင်းရှင်းလင်းလင်း​နားလည်​ကြ​လိမ့်မည်​။


“​ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​လက်ထက်​တွင် မောရရှက်​မြို့သား​မိက္ခာ​က ယုဒ​လူမျိုး​အပေါင်း​တို့​အား ‘​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ဇိအုန်​တောင်​သည် လယ်​ကဲ့သို့ ထွန်ယက်​ခြင်း​ကို​ခံရ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​သည် အပြိုအပျက်ပုံ​ဖြစ်​လိမ့်မည်​။ အိမ်​တော်​တည်​ရာ​တောင်​သည် တောအုပ်​ဖြစ်​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ပရောဖက်ပြု​ဟောပြော​ခဲ့​သည်​ကို


“ထို​ကာလ​၌ သူ​တို့​သည် ဂျေရုဆလင်​မြို့​ကို ‘ထာဝရဘုရား​၏​ပလ္လင်’​ဟု ခေါ်ဆို​ကြ​လိမ့်မည်​။ လူမျိုး​အပေါင်း​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​အတွက် ဂျေရုဆလင်​မြို့​၌ စုဝေး​ကြ​လိမ့်မည်​။ သူ​တို့​သည် ဆိုးညစ်​မာကျော​သော​စိတ်သဘော​နောက်သို့ လိုက်​ကြ​တော့​မည်​မ​ဟုတ်​။


ထာဝရဘုရား​၏​အကြံအစည်​တော် အထ​မ​မြောက်​မီ​၊ မ​ပြီးမြောက်​မီ ပြင်းထန်​သော​အမျက်​တော်​ပြေ​လိမ့်မည်​မ​ဟုတ်​။ ဤ​အရာ​ကို နောက်ဆုံး​သော​ကာလ​၌ သင်​တို့​နားလည်​ကြ​လိမ့်မည်​။


သူ​တို့​သည် ဇိအုန်​တောင်ထိပ်​သို့​လာ​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​လိမ့်မည်​။ ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ သိုးသငယ်​၊ နွားသငယ် စသည်​တို့​ဖြင့် ထာဝရဘုရား​၏​ကောင်းမြတ်​ခြင်း​ကြောင့် ဝမ်းမြောက်​ကြ​လိမ့်မည်​။ သူ​တို့​၏​စိတ်ဝိညာဉ်​သည် ရေဝ​သော​ဥယျာဉ်​ကဲ့သို့​ဖြစ်​မည်​။ ဝမ်းနည်းပူဆွေး​ရ​တော့​မည်​မ​ဟုတ်​။


သို့သော် နောင်ကာလ​တွင် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​မောဘ​ပြည်သား​တို့​ကို ငါ​ပြန်လာ​စေ​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ဤသည်ကား မောဘ​ပြည်​အတွက် တရားစီရင်​ခြင်း​ပေတည်း​။


ထာဝရဘုရား​က ‘ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ဧလံ​ပြည်သား​တို့​ကို နောင်ကာလ​တွင် ငါ​ပြန်လာ​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


ဘေဘီလုံ​မြို့​ရှိ ဗေလ​ဘုရား​ကို ငါ​ဒဏ်ခတ်​မည်​။ သူ​ဝါးမျို​ခဲ့​သမျှ​ကို သူ့​ပါးစပ်​မှ ပြန်​အန်ထုတ်​စေ​မည်​။ လူမျိုးတကာ​တို့​သည် သူ့​ကို ဆည်းကပ်​ကြ​တော့​မည်​မ​ဟုတ်​။ ဘေဘီလုံ​မြို့ရိုး​ကြီး ပြိုလဲ​သွား​လေ​ပြီ​။


မိုးတိမ်​သည် မြေပြင်​ကို​လွှမ်းမိုး​သကဲ့သို့ သင်​သည် ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို​တိုက်ခိုက်​ရန် စစ်ချီ​လာ​မည်​။ အို ဂေါဂ​မင်းကြီး​၊ နောင်​ကာလ​တွင် ငါ​၏​ပြည်​တော်​ကို တိုက်ခိုက်​ရန် သင့်​ကို ငါ​စစ်ချီ​စေ​၍ ငါ​သန့်ရှင်း​ကြောင်း​ကို သင့်​အားဖြင့် လူမျိုးတကာ​တို့​ရှေ့​တွင် ထင်ရှား​စေ​သောအခါ သူ​တို့​သည် ငါ့​ကို​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


နိမိတ်အာရုံ​ထဲတွင် ဘုရားသခင်​က ငါ့​ကို အစ္စရေး​ပြည်​သို့​ဆောင်သွား​၍ အလွန်​မြင့်​သော​တောင်​ပေါ်တွင်​ချထား​၏​။ တောင်ဘက်​တွင် မြို့​နှင့်​တူ​သော​အဆောက်အအုံ​ကို တွေ့​ရ​၏​။


ဤ​ဗျာဒိတ်နိမိတ်​သည် နောင်လာမည့်​နေ့ရက်​များ​နှင့်​ဆိုင်​သည်​ဖြစ်​၍ ထို​နေ့ရက်​များ​တွင် သင့်​လူမျိုး​၌ ဖြစ်ပျက်​မည့်​အရာ​တို့​ကို ကြားပြော​ရန် ငါ​ရောက်လာ​ပြီ​”​ဟု ဆို​၏​။


သို့သော် နက်နဲသောအရာ​ကို ဖွင့်ပြ​ပေး​နိုင်​သော​ဘုရားသခင်​တစ်​ပါး ကောင်းကင်ဘုံ​တွင် ရှိ​တော်မူ​၏​။ ထို​ဘုရား​က နောင်ကာလ​ဖြစ်ပျက်​မည့်​အရာ​များ​ကို နေဗုခဒ်နေဇာ​မင်းကြီး​အား ဖော်ပြ​တော်မူ​ပြီ​။ သလွန်​တော်​ပေါ်တွင် ရှင်ဘုရင်​မြင်မက်​တော်မူ​သော​အိပ်မက်​နှင့် တွေးတော​ရင်း စိတ်အာရုံ​တွင်​မြင်​ရ​သော​အရာ​ကား ဤသို့​ဖြစ်​၏​။


ထိုနည်းတူ သံ​၊ ရွှံ့စေး​၊ ကြေးနီ​၊ ငွေ​၊ ရွှေ​တို့​သည်​လည်း တစ်စစီကျိုးပဲ့​သွား​၍ နွေကာလ​တွင် တလင်းပြင်​ရှိ​အဖျင်းအမှော်​ကဲ့သို့ ဖြစ်​လေ​၏​။ လေတိုက်​သောအခါ လွင့်ပါ​သွား​သဖြင့် အစအန​ပင် မ​တွေ့​တော့​ပေ​။ ရုပ်တု​ကြီး​ကို ဝင်တိုက်​သော​ကျောက်တုံး​မူကား တောင်​ကြီး​ဖြစ်လာ​ပြီး မြေ​တစ်ပြင်လုံး​၌ ပြည့်​လေ​၏​။


လူ့​လက်​ဖြင့်​မ​ဟုတ်​ဘဲ ထုခွဲ​ထား​သော​ကျောက်တုံး​တစ်​တုံး​သည် တောင်​ပေါ်မှ​လိမ့်ကျ​လာ​ပြီး သံ​၊ ကြေးနီ​၊ ရွှံ့စေး​၊ ငွေ​၊ ရွှေ​တို့​ကို တစ်စစီကျိုးပဲ့​စေ​သည်​ကို အရှင်မင်းကြီး မြင်​ခဲ့​သည်​မှာ ကြီးမြတ်​တော်မူ​သော​ဘုရားသခင်​သည် နောင်ကာလ​၌​ဖြစ်ပျက်​မည့်​အရာ​တို့​ကို အရှင်မင်းကြီး​အား ဖော်ပြ​ပေး​ခြင်း​ဖြစ်​၏​။ အိပ်မက်​သည် မှန်ကန်​ပါ​၏​။ အနက်အဓိပ္ပာယ်​မှာ​လည်း ယုံကြည်​ရ​ပါ​၏​”​ဟု လျှောက်ဆို​လေ​၏​။


ထို့နောက်မှ အစ္စရေး​အမျိုးသား​တို့​သည် ပြန်လာ​၍ မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှာ​ကြ​လိမ့်မည်​။ သူ​တို့​၏​ဘုရင် ဒါဝိဒ်​မင်းကြီး​ကို ရှာ​ကြ​လိမ့်မည်​။ နောက်ဆုံး​သော​နေ့​တွင် ထာဝရဘုရား​ထံမှ ကောင်းချီးခံစား​ရ​မည့်​အကြောင်း ထာဝရဘုရား​ထံ ကြောက်ရွံ့ရိုသေ​စွာ ပြန်လာ​ကြ​လိမ့်မည်​။


ဂေဗ​မြို့​မှ​ဂျေရုဆလင်​မြို့​တောင်ဘက် ရိမ္မုန်​မြို့​တိုင်အောင် မြေ​တစ်ပြင်လုံး​သည် လွင်ပြင်​ဖြစ်​လိမ့်မည်​။ ဂျေရုဆလင်​မြို့​ကား မြှင့်တင်​ခြင်း​ကို​ခံရ​၍ ဗင်္ယာမိန်​တံခါး​မှ မြို့​တံခါး​ဟောင်း​နေရာ​မြို့​ထောင့်​တံခါး​အထိ​လည်းကောင်း​၊ ရှိ​ဟာနနေလ​မျှော်စင်​မှ​သည် တော်ဝင်​စပျစ်သီးနယ်ရာကျင်း​အထိ​လည်းကောင်း ယခင်​နေရာ​၌ တည်ရှိ​လိမ့်မည်​။


ထာဝရဘုရား​သည် မြေ​တစ်ပြင်လုံး​၏​ရှင်ဘုရင်​ဖြစ်​တော်မူ​လိမ့်မည်​။ ထို​နေ့ရက်​တွင် ထာဝရဘုရား​တစ်ပါးတည်း​၊ နာမ​တော်​တစ်ပါးတည်း​သာ ရှိ​လိမ့်မည်​။


လူ​အမြောက်အမြား​တို့​နှင့်အတူ အင်အားကြီးမား​သော​လူမျိုးခြား​တို့​သည်​လည်း ဂျေရုဆလင်​မြို့​သို့​လာ​၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို ရှာ​ကြ​လိမ့်မည်​။ ထာဝရဘုရား​ရှေ့​တော်​သို့ တိုးဝင်ချဉ်းကပ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က ‘ဇိအုန်​မြို့​သို့ ငါ​ပြန်လာ​မည်​။ ဂျေရုဆလင်​မြို့​တွင် ကိန်းဝပ်​မည်​။ ဂျေရုဆလင်​မြို့​သည် သစ္စာစောင့်​သော​မြို့​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​တောင်​တော်​၊ သန့်ရှင်း​သော​တောင်​တော်​ဟူ၍ ခေါ်ဝေါ်​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


“လူမျိုး​အပေါင်း​တို့​သည် သင်​တို့​ကို မင်္ဂလာ​ရှိ​သူ​ဟု ခေါ်​ကြ​လိမ့်မည်​။ အကြောင်းမူကား သင်​တို့​ပြည်​သည် နှစ်သက်ဖွယ်​သော​ပြည်​ဖြစ်​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ယခု ငါ့​လူမျိုး​ထံသို့ ငါ​ပြန်သွား​မည်​။ နောင်​အခါ ဤ​လူမျိုး​သည် သင့်​လူမျိုး​ကို မည်သို့​ပြု​မည်​ကို သင့်​အား ငါ​သတိပေး​ခဲ့​မည်​”​ဟု ဆို​၍


ဟောပြော​ထား​သော​အရာ​မှာ ‘ဘုရားသခင်​မိန့်​တော်မူ​သည်​ကား ငါ​သည် နောက်ဆုံး​သော​နေ့ရက်​တို့​၌ လူ​အပေါင်း​တို့​အပေါ်သို့ ငါ​၏​ဝိညာဉ်​ကို​သွန်းလောင်း​မည်။ ထိုအခါ သင်​တို့​၏​သား​သမီး​များ​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်။ သင်​တို့​ထဲမှ​လူငယ်​များ​သည် ဗျာဒိတ်​ရူပါရုံ​များ​ကို​မြင်​ရ​ကြ​လိမ့်မည်။ သင်​တို့​ထဲမှ​သက်ကြီးဝါကြီး​များ​သည် အိပ်မက်​များ​ကို​မြင်မက်​ကြ​လိမ့်မည်။


သို့သော် နောက်ဆုံး​သော​နေ့ရက်​တို့​၌ ခဲယဉ်း​သော​အချိန်​ကာလ​များ​ကျရောက်​မည်​ဖြစ်​ကြောင်း သိမှတ်​လော့။


ဤ​နောက်ဆုံး​သော​နေ့ရက်​များ​တွင် ငါ​တို့​ကို သား​တော်​အားဖြင့် စကား​ပြော​တော်မူ​၏။ ဘုရားသခင်​သည် ထို​သား​တော်​အား အရာ​ခပ်သိမ်း​ကို အမွေ​ဆက်ခံ​သူ​အဖြစ်​ခန့်ထား​၍ လောကဓာတ်​တို့​ကို​လည်း သား​တော်​အားဖြင့် ဖန်ဆင်း​တော်မူ​၏။


ပထမ​ဦးစွာ သင်​တို့​သိ​ထား​ရ​မည့်​အချက်​မှာ ပြက်ရယ်ပြု​တတ်​သော​သူ​တို့​သည် နောက်ဆုံး​သော​နေ့ရက်​ကာလ​၌ ပြက်ရယ်ပြု​လျက်​ပေါ်လာ​၍ မိမိ​တို့​၏​တပ်မက်​ခြင်း​များ​အတိုင်း လျှောက်လှမ်း​ကာ


သတ္တမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​၌ ကျယ်လောင်​သော​အသံ​ဖြစ်ပေါ်​လျက် “ကမ္ဘာ့​နိုင်ငံ​သည် ငါ​တို့​၏​ထာဝရ​အရှင်​နှင့် ကိုယ်တော်​၏​ခရစ်တော်​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​လေ​ပြီ။ ကိုယ်တော်​သည်​လည်း ကမ္ဘာ​အဆက်ဆက်​စိုးစံ​တော်မူ​လိမ့်မည်”​ဟု ဆို​၏။


ထို့နောက် ပလ္လင်​များ​နှင့် ၎င်း​တို့​အပေါ်​တွင်​ထိုင်​နေ​သော​သူ​တို့​ကို ငါ​မြင်​ရ​၏။ ထို​သူ​တို့​သည် တရား​စီရင်​ခွင့်​ကို​ရ​ကြ​၏။ တစ်ဖန် ယေရှု​နှင့်ဆိုင်သော​သက်သေခံ​ချက်​အတွက်​လည်းကောင်း၊ ဘုရားသခင်​၏​နှုတ်ကပတ်တော်​အတွက်​လည်းကောင်း ခေါင်းဖြတ်​ခံရ​သော​သူ​တို့​၏​ဝိညာဉ်​များ​မှစ၍ သားရဲ​နှင့်​သားရဲ​၏​ရုပ်တု​ကို​မ​ကိုးကွယ်၊ သူ​၏​အမှတ်တံဆိပ်​ကို​လည်း မိမိ​တို့​၏​နဖူး​၊ သို့မဟုတ် လက်​တွင် မ​ခံယူ​သော​သူ​တို့​ကို ငါ​မြင်​ရ​၏။ သူ​တို့​သည် အသက်​ပြန်​ရှင်​၍ အနှစ်​တစ်ထောင်​ပတ်လုံး ခရစ်တော်​နှင့်အတူ​စိုးစံ​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos