ဟေရှာယ 19:11 - မြန်မာ့စံမီသမ္မာကျမ်း11 အကယ်စင်စစ် ဇောနမြို့၏အကြီးအကဲတို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ဖာရောမင်းကြီး၏ပညာရှိသော အတိုင်ပင်ခံအမတ်တို့သည် မိုက်မဲသောအကြံဉာဏ်ကိုပေးကြ၏။ ဖာရောမင်းကြီးအား “အကျွန်ုပ်သည် ပညာရှိတို့၏အမျိုး၊ ရှေးဘုရင်တို့၏အမျိုး ဖြစ်ပါသည်”ဟု မည်သို့လျှောက်ဆိုနိုင်မည်နည်း။ Ver CapítuloCommon Language Bible11 ဇောနမြို့သူမြို့သားတို့၏ခေါင်းဆောင်များ သည် အသိဉာဏ်တုံးသူများဖြစ်ပါသည် တကား၊ အီဂျစ်ပြည်၏အတိုင်ပင်ခံပညာ ကျော်တို့ကလည်း မိုက်မဲသောအကြံဉာဏ် ကိုပေးကြပါသည်တကား။ သူတို့သည် မိမိတို့ကိုယ်ကိုအဘယ်သို့လျှင် ရှေးဘုရင် များနှင့်ရှေးပညာရှင်တို့၏အဆက်အနွယ် များဖြစ်သည်ဟုမင်းကြီးအားလျှောက်ထား ဝံ့ကြပါသနည်း။- Ver CapítuloGarrad Bible11 ဇော န မှူး မတ် တို့ သည် လုံး လုံး မိုက် လျက်။ ဖာ ရော မင်း၏ ပ ညာ ရှိ မင်း တိုင် ပင် တို့ သည် ဉာဏ် ကင်း လေ စွ တ ကား။ ကျွန် တော် ကား၊ ပ ညာ ရှိ အ မျိုး သား၊ ရှေး မင်း တို့ ဆွေ တော် မျိုး တော် မှန် ပါ သည် ဟု၊ ဖာ ရော မင်း အား မည် သို့ တင် ဝံ့ ကြ မည် နည်း။ Ver CapítuloJudson Bible11 အကယ်စင်စစ် ဇောနမင်းတို့သည် အရူးဖြစ်ကြ၏။ ဖာရောဘုရင်၏ တိုင်ပင်မှူးမတ်တို့သည် မိုက်သောအကြံကို ပေးကြ၏။ ကျွန်တော်သည် ပညာရှိအမျိုး၊ ရှေးဘုရင်တို့အနွယ်ဖြစ်ပါသည်ဟု ဖာရောဘုရင်အား အဘယ်ကြောင့် လျှောက်ကြသနည်း။ Ver Capítulo |
သင်၏မဟာမိတ်အပေါင်းတို့သည် သင့်ကိုနယ်စပ်တိုင်အောင်နှင်ထုတ်လိမ့်မည်။ သင်နှင့်ရင်းနှီးကျွမ်းဝင်သူတို့သည်လည်း သင့်ကိုလှည့်စားအနိုင်ယူလိမ့်မည်။ သင်၏မုန့်ကို စားသောသူတို့သည် သင့်ကို ထောင်ဖမ်းလိမ့်မည်။ သို့သော် ထိုအဖြစ်အပျက်တို့ကို သင်နားလည်နိုင်မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။