ဟေရှာယ 17:1 - မြန်မာ့စံမီသမ္မာကျမ်း1 ဒမတ်စကပ်မြို့နှင့်ဆိုင်သောဗျာဒိတ်တော်။ “ကြည့်ရှုလော့။ ဒမတ်စကပ်မြို့သည် မြို့အဖြစ်ရှိနေတော့မည်မဟုတ်။ ယိုယွင်းပျက်စီးရာအစုအပုံ ဖြစ်လိမ့်မည်။ Ver CapítuloCommon Language Bible1 ဤဗျာဒိတ်တော်သည်ဒမာသက်မြို့နှင့် သက်ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ထာဝရဘုရားက``ဒမာသက်မြို့သည်မြို့ အဖြစ်နှင့်ရပ်တည်နေတော့မည်မဟုတ်။ ယို ယွင်းပျက်စီးနေသည့်အဆောက်အဦးစု သာလျှင်ဖြစ်ပေတော့အံ့။- Ver CapítuloGarrad Bible1 ဒ မာ သက် မြို့ ကို ရည် သော ဗျာ ဒိတ် ချက် ဟူ မူ ကား၊ ဒ မာ သက် မြို့ သည် မြို့ အ ဖြစ် ပ လျက်၊ ပြို လဲ ကျ ပုံ ရာ ရောက် လု ပြီ။ Ver CapítuloJudson Bible1 ဒမာသက်မြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ဒမာသက်မြို့သည် မြို့မဖြစ်အောင် ပျက်စီးရာပုံ ဖြစ်ရ၏။ Ver Capítulo |
သူက “ဆီးရီးယားဘုရင်၏ဘုရားတို့သည် သူတို့ကို ကူညီ၏။ ထိုဘုရားတို့ကို ယဇ်ပူဇော်လျှင် ငါ့ကိုလည်းကူညီလိမ့်မည်”ဟု တွေးလျက် သူ့ကို တိုက်ခိုက်နှိမ်နင်းခဲ့သောဒမတ်စကပ်မြို့သားတို့၏ဘုရားများကို ယဇ်ပူဇော်လေ၏။ သို့သော် ထိုဘုရားတို့သည် သူနှင့်အစ္စရေးတစ်မျိုးနွယ်လုံးကို ကျရှုံးစေ၏။
ထို့ကြောင့် သူ၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကို ဆီးရီးယားဘုရင်လက်သို့ အပ်လိုက်တော်မူ၏။ ဆီးရီးယားလူမျိုးတို့သည် သူ့ကိုအောင်နိုင်ပြီး သုံ့ပန်းအမြောက်အမြားကို ဒမတ်စကပ်မြို့သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။ သူသည် အစ္စရေးဘုရင်လက်သို့လည်း အပ်လိုက်ခြင်းခံရသဖြင့် ထိုဘုရင်သည် သူ့ကို အပြင်းအထန်တိုက်ခိုက်ချေမှုန်းလေ၏။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်ပွဲသံကြားရသောအချိန် ရောက်စေမည်။ ထိုမြို့သည် အပျက်အစီးပုံကြီးဖြစ်၍ မြို့ငယ်တို့သည်လည်း မီးလောင်သွားလိမ့်မည်။ အစ္စရေးလူမျိုးတို့သည်လည်း မိမိအား သိမ်းပိုက်ခဲ့သူကို ပြန်၍သိမ်းပိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။