ဟေရှာယ 14:30 - မြန်မာ့စံမီသမ္မာကျမ်း30 ဆင်းရဲသောသူတို့၏သားဦးတို့သည် ကျွေးမွေးခြင်းခံရကြလိမ့်မည်။ နွမ်းပါးသောသူတို့သည် ဘေးကင်းလုံခြုံစွာအိပ်ရကြလိမ့်မည်။ သို့သော် သင်၏အမြစ်ကို ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် ငါသေစေမည်။ သင်၏အကြွင်းအကျန်သည်လည်း သတ်ဖြတ်ခြင်းခံရမည်။ Ver CapítuloCommon Language Bible30 ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ထဲမှ ဆင်းရဲနွမ်းပါးသူတို့ကို သိုးထိန်းသဖွယ် စောင့်ရှောက်တော်မူ၍ဘေးမဲ့လုံခြုံစွာနေစေ တော်မူလိမ့်မည်။ သို့ရာတွင်သင်တို့မူကား ကြောက်မက်ဖွယ်ရာငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်စေတော်မူမည်ဖြစ်၍ သင်တို့ တစ်စုံတစ်ယောက်မျှအသက်မသေဘဲကျန် ရှိရလိမ့်မည်မဟုတ်။ Ver CapítuloGarrad Bible30 လူ မျိုး တော် အ နက် အ လွန် နွမ်း ပါး သော သူ တို့ သည်၊ စား ကွက် ရ ကြ လျက်၊ သူ ဆင်း ရဲ တို့ လည်း စိတ် ချ၍ အိပ် ရ ကြ မည်။ သင်၏ အ မြစ် ကား၊ မွတ် သိပ် သ ဖြင့် သေ၍၊ အ ကြွင်း အ ကျန် တို့ ကွပ် မျက် ခံ ရ ကြ လ တ္တံ့။ Ver CapítuloJudson Bible30 အတိုင်းထက်အလွန် ဆင်းရဲသောသူတို့သည် စားရကြလိမ့်မည်။ ဆင်းရဲ ငြိုငြင်သောသူတို့သည် ဘေးလွတ်လျက် အိပ်ရကြလိမ့်မည်။ ငါသည် သင်၏အမြစ်ကို သွေ့ခြောက်ခြင်းအားဖြင့် သတ်၍၊ သင်၏အကြွင်းကိုလည်း မြွေဆိုးသည် ကွပ်မျက်လိမ့်မည်။ Ver Capítulo |