ဟေရှာယ 12:5 - မြန်မာ့စံမီသမ္မာကျမ်း5 ထာဝရဘုရားကို သီဆိုချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကြီးမြတ်သောအမှုကို ပြုတော်မူ၏။ ဤအမှုကို မြေကြီးတစ်ပြင်လုံး သိစေကြလော့။ Ver CapítuloCommon Language Bible5 ``ကိုယ်တော်ပြုတော်မူသောကြီးမြတ်သည့် အမှုတော်တို့အတွက် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူး သီဆိုကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့အား ထိုသတင်းကိုကြေညာကြလော့။ Ver CapítuloGarrad Bible5 ထာ ဝ ရ ဘု ရား သည် တန် ခိုး ပြ၍ စီ ရင် တော် မူ သော ကြောင့်၊ ကိုယ် တော့် အား သီ ချင်း ဖွဲ့ ဆို လျက်၊ ပြည် တိုင်း နှံ့ သိ စေ ကြ လော့။ အို ဇိ အုန် မြို့ သူ တို့၊ ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် သည်၊ သင် တို့ အ လယ် တွင် ကြီး မြတ် တော် မူ သည် ကို ထောက်၍၊ ကျူး ဧ ဟစ် ကြော် ကြ လော့ ဟု မြွက် ဆို ကြ ရ မည်။ Ver CapítuloJudson Bible5 ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ ထူးဆန်းသောအမှုကို ပြုတော်မူပြီ။ အမှုတော်သည် မြေတစ်ပြင်လုံး၌ ထင်ရှားပါစေ။ အို ဇိအုန်သတို့သမီး၊ ကြွေးကြော်လော့။ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့။ Ver Capítulo |
အို ဇိအုန်တောင်၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ မြင့်မားသောတောင်ပေါ်သို့ တက်လော့။ အို ဂျေရုဆလင်မြို့၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ သင့်အသံကို အစွမ်းကုန်လွှင့်လော့။ အသံကိုလွှင့်လော့။ မကြောက်နှင့်။ “ကြည့်ရှုလော့။ ဤသည်ကား သင်တို့၏ဘုရားသခင်ပေတည်း”ဟု ယုဒမြို့တို့အား ပြောကြားလော့။
အို မိုးကောင်းကင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပြီဖြစ်၍ ရွှင်လန်းစွာသီချင်းဆိုလော့။ မြေကြီး၏နက်ရှိုင်းသောအရပ်တို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အို တောင်တို့၊ ဟစ်ကြော်ကြလော့။ တောနှင့်တကွ သစ်ပင်အပေါင်းတို့၊ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ အစ္စရေးလူမျိုး၌ ဘုန်းထင်ရှားတော်မူပြီ။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။