ဟေရှာယ 10:20 - မြန်မာ့စံမီသမ္မာကျမ်း20 ထိုနေ့ရက်တွင် ကြွင်းကျန်သောအစ္စရေးလူမျိုးနှင့် အသက်ဘေးလွတ်သောယာကုပ်အမျိုးအနွယ်တို့သည် မိမိတို့အား ရိုက်နှက်သောသူကို နောက်တစ်ဖန်မကိုးစားတော့ဘဲ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားကို အမှန်ပင်ကိုးစားကြလိမ့်မည်။ Ver CapítuloCommon Language Bible20 အသက်မသေဘဲကျန်ရှိနေကြသည့်ဣသ ရေလပြည်သူတို့သည် မိမိတို့အားလုံးနည်း ပါးသုတ်သင်ဖျက်ဆီးခဲ့သည့်လူမျိုးကို အား မကိုးတော့မည့်အချိန်ကာလကျရောက်လာ လိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့၏သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရားသခင်ထာဝရဘုရားကိုအမှန်တကယ် ယုံကြည်ကိုးစားကြလိမ့်မည်။- Ver CapítuloGarrad Bible20 ထို ကာ လ ဣ သ ရေ လ လူ မျိုး အ ကြွင်း အ ကျန် တို့ နှင့် ဘေး လွတ် သူ ယာ ကုပ် အ မျိုး သား တို့ သည်၊ ဒဏ် ခတ် သော မင်း ကို ဆက် လက် တံ ကဲ မ ပြု ဘဲ၊ ထာ ဝ ရ ဘု ရား တည်း ဟူ သော ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ကို၊ တစ် သ မတ် တည်း တံ ကဲ ပြု ကြ လိမ့် မည်။ Ver CapítuloJudson Bible20 ထိုအခါမှစ၍၊ ဘေးလွတ်လျက်ကြွင်းသော ဣသရေလအမျိုးနှင့် ယာကုပ်အမျိုးသားတို့သည်၊ မိမိတို့ကို ညှဉ်းဆဲသောသူ၌ နောက်တစ်ဖန် မကိုးစားဘဲ၊ ဣသရေလအမျိုး၏ သန့်ရှင်းသောအရှင်ထာဝရဘုရား၌ အမှန်ကိုးစားကြလိမ့်မည်။ Ver Capítulo |
ထို့နောက် အာသမင်းကြီးသည် ဘုရားသခင်ထာဝရဘုရားထံ အော်ဟစ်လျက် “အို ထာဝရဘုရား၊ အားကြီးသူကိုတွန်းလှန်နိုင်ရန် အားနည်းသူကို ကူညီနိုင်သောအရှင်သည် ကိုယ်တော်မှလွဲ၍ မရှိပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တို့ ကိုးစားပါ၏။ အကျွန်ုပ်တို့သည် ဤလူအလုံးအရင်းကြီးကိုတိုက်ခိုက်ရန် ကိုယ်တော်၏နာမတော်ကိုစွဲကိုင်လျက် လာပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ဤလူတို့သည် ကိုယ်တော်ကို အနိုင်မရပါစေနှင့်”ဟု ဆုတောင်းလေ၏။
ရာဗရှာခ၏သခင် အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားကို သင်၏ဘုရားသခင်ထာဝရဘုရား ကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။